Part - (15)

570 71 0
                                    

"မင်းကကိုယ့်အတွက်အဖိုးတန်ရတနာလေးမလို့"

"..."

ဂျယ်နင်းနဲ့ဂျယ်နိုကသူတို့ရဲ့လက်တွေကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကြကာ အချင်းချင်းမျက်လုံးချင်းဆုံပြီးကြည့်နေကြသည်။

"ဘာငေးနေတာလဲ။ လာ"

ဂျယ်နိုရဲ့ပြောစကားကြောင့်တုန့်ကာရပ်နေခဲ့တဲ့ဂျယ်မင်းကဂျယ်နိုရဲ့ဆွဲခေါ်ခြင်းနဲ့ပဲထပ်ပါသွားရပြန်၏။ ဂျယ်မင်းစိတ်ထဲမှာတွေးမိတာက သူဘာလို့ဒီနေ့တက်ကြွနေရတာလဲဟု။

ဒီစိတ်ထဲကမေးခွန်းကိုသာဂျယ်နိုကကြားရင်ပြန်ဖြေမည့်တစ်ခုတည်းသောအဖြေကတော့ 'မင်းတက်ကြွနေတလို့ ကိုယ်ပါတက်ကြွနေတာ' ဟူ၍ဖြစ်လိမ့်မည်။

သူတို့ကမုန့်ဝယ်ပြီးတဲ့အချိန်မှာတော့လူတိုးနေတာကြောင့်ဂျယ်မင်းစားတာသက်တောင့်သက်သာမရှိမှာစိုး၍ ဂျယ်နိုကထပ်မံဆွဲခေါ်သွားပြန်ပါ၏။

သူတို့ကမြစ်ချောင်းငယ်ကိုကန့်လန့်ဖြတ်ဆောက်ထားတဲ့တံတားလေးပေါ်တက်လိုက်ပါ၏။ ပွဲတော်တွင်သာလူများနေသည့်အတွက်တံတားပေါ်မှာတော့လူအဲ့လောက်မများ။

လူကအနည်းငယ်သာရှိပြီးဂျယ်နိုခေါ်လာသည့်ဘက်ကိုလူတော်တော်များများမလာတာကြောင့်လဲပါသည်။ ဘာလို့ဆုဒီဘက်ခြမ်းမှာကမကောင်းသည့်လူများပေါများတယ်။

မကောင်းတဲ့လူတွေများတဲ့ဘက်ကိုခေါ်လာတာကဂျယ်မင်းအတွက်အန္တာရာယ်များတယ်ဆိုပေမယ့် ဂျယ်နိုဆိုတဲ့သူရှိနေတာပဲလေ။ ဘယ်သူကလာထိရဲမှာလဲ။

လူနည်းတဲ့နေရာကိုရောက်သွားတော့မှဂျယ်မင်းဘက်ကလည်းအသက်ရှူချောင်သွားသည့်ပုံပေါက်သည်။ စိတ်သက်သာရာရသွားသည့်ပုံစံအတိုင်းလေတစ်ချက်မှုတ်ထုတ်လိုက်ပါ၏။

"စား"

ဂျယ်နိုကပြောလိုက်တော့ဂျယ်မင်းကဂျယ်နိုကိုလှည့်ကြည့်လိုက်ကာ သူကိုယ်တိုင်တောင်မသိဘဲဂျယ်နိုကိုပြုံးပြလိုက်မိပြီးသူ့လက်ထဲကလမုန့်ကိုစားလိုက်ပါ၏။

တစ်ကိုက်ကိုက်လိုက်တာနဲ့တင်ချိုတက်လာတဲ့အရသာကြောင့်ဂျယ်မင်းကပြုံးလိုက်ကာ ဂျယ်နိုဘက်ကိုမုန့်ထိုးပေးကာ

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now