ဂျယ်မင်းရဲ့ခေါင်းတွေကကိုက်ခဲနေကာသူ့မျက်လုံးတွေကအလင်းရောင်ကြောင့် တင်းတင်းကြပ်ကြပ်မှိတ်ထားရင်းပဲမျက်စိရှေ့ကသူ့ကိုဖက်တွယ်ထားမိတယ်။
တစ်ဖက်လူကတစ်ခုခုကိုပြောနေလား၊ မပြောဘဲနဲ့ဒီတိုင်းပဲဂျယ်မင်းဖက်တာကိုငြိမ်ခံနေသလားဂျယ်မင်းမသိပါ။ သိဖို့ရာဂျယ်မင်းရဲ့ဝေဝါးကာဘာကိုမှသေချာမကြားရလောက်အောင် အူနေတဲ့နားကငြင်းဆန်သည်။
အတန်ငယ်ကြာတဲ့အထိဂျယ်မင်းတို့ကဒီလိုရှိနေခဲ့ပေမယ့်သိပ်မကြာခင်မှာပဲ ဂျယ်မင်းရဲ့အေးစက်တုန်ယင်နေတဲ့ကိုယ်လုံးလေးဟာနွေးထွေးမှုကိုခံစားလာရတယ်။
ဂျယ်နိုရဲ့လက်တွေကဂျယ်မင်းကိုပြန်ဖက်ပေးလာကာလက်တွေက သူ့ရဲ့ကျောကိုဖြည်းဖြည်းလေးပုတ်ပေးခြင်းနဲ့နှစ်သိမ့်ပေးနေရှာတယ်။
တစ်ဆစ်ဆစ်ကိုက်ခဲနေတဲ့ရင်ဘက်ဘယ်ဘက်ခြမ်းဟာဒီတစ်ခါတော့နာကျင်တာတွေသက်သာလာရပြီဖြစ်သည်။ တုန်လှုပ်နေတဲ့ကိုယ်လုံးလေးကတော့အခုတော့တဖြည်းဖြည်းနဲ့တည်ငြိမ်လို့။
ဂျယ်မင်းကနောက်ဆုံးတည်ငြိမ်သွားတဲ့အခါမှာတော့သူတို့ဖက်ထားတာငါးမိနစ်လောက်ရှိပြီဖြစ်သည်။ ထို့ကြောင့်ဂျယ်နိုဘက်ကနေဂျယ်မင်းရဲ့ကိုယ်လုံးလေးကိုဆွဲခွါလာပါ၏။
ဂျယ်မင်းရဲ့ခေါင်းကအောက်ကိုငုံ့ထားတုန်းပင်။ ဂျယ်နိုကဂျယ်မင်းရဲ့မေးကိုကိုင်ကာခေါင်းကိုမော့လိုက်စေတော့ဂျယ်မင်းရဲ့မျက်နှာလေးကနီရဲလို့။
နီရဲနေတဲ့မျက်လုံးလေးတွေနဲ့အတူငိုထား၍နီရဲနေသောနှာခေါင်းထိပ်လေးတွေ၊ ပူနေလို့ဖြစ်မည်။ ပန်းရောင်သန်းနေတဲ့ပါးပြင်လေးတွေကအစသူ့ရှေ့ကကောင်လေးဟာလှပနေခဲ့သည်။
ဂျယ်နိုကအငိုတိတ်သွားတဲ့ကောင်လေးကိုထပ်မံနှစ်သိမ့်ပေးဖို့ရာခေါင်းလေးကိုပွတ်ပေးလိုက်ခြင်းဖြင့် ဂျယ်မင်းရဲ့ကိုယ်လုံးကိုတစ်ချက်တုန်သွားစေတယ်။
"အီဂျယ်နို"
"ဗျာ~"
ဂျယ်မင်းကဂျယ်နိုကိုခေါ်လိုက်တော့ဂျယ်မင်းကဘာမှဆက်မပြောတော့ဘဲ ဂျယ်နိုရဲ့မျက်နှာကိုသာကြည့်နေပြီးဂျယ်နိုကလည်းဂျယ်မင်းကိုပဲကြည့်နေခဲ့ပါ၏။
YOU ARE READING
𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽
Romance"တကယ်လို့ဒီကျိန်စာကတကယ်ဖြစ်ခဲ့ရင်တောင်ငါပဲသေပြီးငါပဲနာကျင်ရပါစေ" 1400ကျော်ခုနှစ်ခန့်မှာဒီလူနှစ်ယောက်ရဲ့ချစ်ခြင်းတရားကကျော်ကြားပေါက်ကြားခဲ့တယ် 'ယောင်္ကျားနှစ်ယောက်ချစ်ကြိုက်ခြင်း' ဆိုတဲ့ခေါင်းစဉ်အောက်မှာအမုန်းတရားတွေနဲ့ ကျိန်စာတိုက်ခံရပြီးဒီကျိန်စာကသ...