Part - (35)

428 63 11
                                    

ဂျယ်နိုရဲ့မျက်နှာမှာအပြုံးတစ်ခုဖြစ်ပေါ်နေပြီးဒီအပြုံးကဂျယ်နိုရဲ့မျက်လုံးတွေကိုပါပြုံးစေတယ်။ ဂျယ်မင်းကတော့သူမြင်နေရတဲ့မြင်ကွင်းနဲ့ပက်သက်ပြီးဘာမှပြန်မဖြေနိုင်။

ဂျယ်မင်းကကြောင်နေကာဘာမှပြန်မဖြေနိုင်တာကိုမြင်တော့ ဂျယ်နိုကပဲသူ့အပြုံးတွေကိုဖော်ပြရင်းစကားထပ်ပြောလိုက်ပါသည်။

"ကျနော့်အသက်ကိုခန့်မှန်းကြည့်ပါလား"

"လေးဆယ့်ငါးနှစ်"

အနားအရမ်းကပ်နေတဲ့ဂျယ်နိုကိုသူ့လက်များဖြင့်တွန်းထုတ်လိုက်ရင်းပြန်ဖြေပုံကိုက။ တမင်ရွဲ့စောင်းကာပြောနေမှန်းဂျယ်နိုသိသောကြောင့်ရယ်ချင်သွားသော်လည်း ကိုယ့်ကိုယ်ကိုထိန်းလိုက်ကာ

"ဒါဆိုခင်ဗျားကဘာလဲ။ ငါးဆယ့်ကိုးနှစ်လား"

ဂျယ်နိုကပြောလာတော့ဂျယ်မင်းကသူ့ကိုလူသတ်တော့မယ့်မျက်လုံးများဖြင့်ကြည့်လာကာ အံကြိတ်ရင်းတစ်လုံးချင်းပီသစွာပြောပါသည်။

"ငါမင်းအသက်ကိုမသိချင်ဘူး။ ဒါကြောင့်မင်းလဲငါ့အသက်ကိုမသိချင်နဲ့။ ငါတို့ကြားမှာစည်းလေးတစ်ခုထားထားရအောင်။ ငါကနေမကောင်းတဲ့လူ။ မင်းကငါ့ကိုကယ်ခဲ့တယ်။

ဒါကြောင့်မင်းကငါ့ရဲ့ကျေးဇူးရှင်။ ငါကမင်းကိုကျေးဇူးဆပ်ရမယ့်လူ။ ငါတို့ကအကြွေးရှင်နဲ့ပိုက်ဆံချေးတဲ့လူလို့ဆက်ဆံရေးမျိုးပဲ။ အဲ့ထက်မပိုဘူး

ဒါကြောင့်မင်းကတခြားမိန်းမတွေကိုပြောနေသလိုမျိုးငါ့ကိုလာမပြောနဲ့။ မဟုတ်တဲ့အပြုအမူတွေနဲ့လဲလာမဆက်ဆံနဲ့။ အဲ့တော့မင်းအခုသွားအိပ်တော့"

ဂျယ်မင်းရဲ့ရှည်လျားလှသောစကားရှည်ကြီးအပြီးမှာတော့ဂျယ်နိုကပျင်းပင်ပျင်းနေလေပြီ။ ဂျယ်နိုကဂျယ်မင်းရဲ့စကားအဆုံးမှာအိပ်ယာပေါ်ကထလိုက်ကာ

"ဘာလို့ဒီလောက်စကားများရတာလဲ"

ဂျယ်နိုကပြောလိုက်တော့ဂျယမင်းကတစ်ခွန်းမကျန်ပြန်ပြောဖို့လုပ်လိုက်သော်လည်း ဂျယ်မင်းကိုပြောခွင့်မပေးဘဲဂျယ်နိုကသူ့ဘောင်းဘီအိတ်ကပ်ထဲကမှတ်ပုံတင်ကိုထုတ်လိုက်ရင်း

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now