ဂျယ်နိုကဂျယ်မင်းရဲ့အားပျော့ကာယိုင်လဲနေတဲ့ခန္ဒာကိုယ်လေးကိုဆေးခန်းကုတင်ပေါ်တင်လိုက်ကာ ဂျယ်မင်းရဲ့အင်္ကျီကြယ်သီးတွေကိုဖြုတ်လိုက်တယ်။
ဂျယ်မင်းဝမ်းဗိုက်ပေါ်ကမီးလောင်အမာရွတ်ကိုမမြင်ကြစေရန်ဘေးနားမှာရှိတဲ့ ပိုးသတ်ထားတဲ့ပုဝါတစ်ထည်နဲ့ဂျယ်မင်းရဲ့ကိုယ်လုံးကိုဖုံးလိုက်ရာအနာကိုသာဖော်ထားလိုက်ပါ၏။
ဂျယ်မင်းရဲ့ခါးဘေးကချုပ်ရိုးထိသွားတဲ့ဒဏ်ရာကိုတွေ့လိုက်တာနဲ့နေရာမှာရှိတဲ့ တာဝန်ကျဆရာဝန်၊ သူနာပြုများကချက်ချင်းဂျယ်နိုကိုကူပေးဖို့ပြေးလာကြပါသည်။
ဂျယ်နိုရဲ့မျက်နှာကခက်ထန်နေပြီးဂျယ်မင်းရဲ့သွေးတွေစိမ့်ထွက်ကျနေတဲ့အနာကိုတွေ့တော့ ပိုပြီးတော့မျက်နှာကခက်ထန်လာပြီးဒါကပတ်ဝန်းကျင်ကလေထုကိုအေးစက်တောင့်ခဲစေတယ်။
ဂျယ်နိုကချက်ချင်းပဲပုံမကျပန်းမကျဖြစ်နေတဲ့ချုပ်ရိုးကိုဖြည်ဖို့ရာသူနာပြုဆီက ကတ်ကြေးနဲ့ညှပ်တံကိုယူလိုက်တယ်။ ဂျယ်နိုကတကယ့်ကိုအာရုံစူးစိုက်ကာလုပ်နေတာဖြစ်ပြီးသိပ်မကြာခင်မှာပဲ ချုပ်ရိုးကိုအောင်မြင်စွာဖြည်လိုက်သည်။
ဂျယ်မင်းရဲ့ကုတင်နားမှာလည်းဌါနချုပ်ကဆရာဝန်တွေ သူနာပြုတွေကဂျယ်နိုရဲ့ လက်လှုပ်ရှားမှုကိုဝိုင်းကြည့်လွန်းလို့လူတွေဝိုင်းအုံနေပြီဖြစ်သည်။
ဂျယ်နိုကပြဲနေတဲ့အနာရဲ့ဘေးပတ်ပတ်လည်တစ်ဝိုက်ကိုသန့်ရှင်းရေး အရင်လုပ်လိုက်ပြီးအရက်ပြန်နဲ့ဝါဂွမ်းကိုယူလိုက်ရင်းဂျယ်မင်းရဲ့အနာကိုစတင်တို့ထိလိုက်တယ်။
ထိုအခါမေ့မျောနေတာတောင်မှာနာကျင်မှုကြောင့်တွန့်သွားသောဂျယ်မင်းရဲ့ကိုယ်လုံးလေးပင်။ ဂျယ်နိုကဒါကိုတွေ့တာနဲ့သူ့ရဲ့လက်တွေကတုံ့သွားသည်။
သူကဂျယ်မင်းရဲ့မျက်နှာလေးကိုကြည့်လိုက်တော့မေ့မျောနေရင်းတောင်မျက်ခုံးလေးတွေက တွန့်ချိုးပြီးနှုတ်ခမ်းပါးလေးတွေကတုန်လှုပ်လို့။
ဂျယ်နိုကထိုအချင်းအရာကိုတွေ့တော့ဂျယ်မင်းကိုဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့လူကိုရော မကာကွယ်ပေးနိုင်ခဲ့တဲ့ကိုယ့်ကိုယ်ကိုရောစိတ်တိုမိပါ၏။
YOU ARE READING
𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽
Romance"တကယ်လို့ဒီကျိန်စာကတကယ်ဖြစ်ခဲ့ရင်တောင်ငါပဲသေပြီးငါပဲနာကျင်ရပါစေ" 1400ကျော်ခုနှစ်ခန့်မှာဒီလူနှစ်ယောက်ရဲ့ချစ်ခြင်းတရားကကျော်ကြားပေါက်ကြားခဲ့တယ် 'ယောင်္ကျားနှစ်ယောက်ချစ်ကြိုက်ခြင်း' ဆိုတဲ့ခေါင်းစဉ်အောက်မှာအမုန်းတရားတွေနဲ့ ကျိန်စာတိုက်ခံရပြီးဒီကျိန်စာကသ...