Part - (43)

418 62 0
                                    

"ငါဘာလို့ဒီလိုမင်းကိုပြောပြလဲသိလား"

ဂျယ်နိုကတိတ်ဆိတ်သောအခိုက်အတန့်တစ်ခုကိုအဖြေအဖြစ်ပေးလိုက်ခြင်းဖြင့် ဂျယ်မင်းကိုဆက်ပြီးစကားဆက်လိုက်စေတယ်။

"ငါဒီလိုဆန္ဒပြတယ်ဆိုတာမင်းလဲသိမှာပါ။ ငါလက်စားချေချင်လို့ဆိုတာ။ ငါ့မိဘတွေရဲ့သေဆုံးမှုကိုလက်မခံနိုင်ဘူး။ လက်စားချေချင်တယ်။ ငါဂျပန်ကောင်တွေကိုငါတို့မြေကနေမောင်းထုတ်ချင်တယ်"

"အခုထွက်သွားတော့မှာလေ ကိုကို။ သိပ်မကြာခင်မှာပဲ"

"ဘယ်လောက်လောက်ကြာဦးမလဲ?"

"သူတို့လား? တစ်ပတ်အများဆုံးပဲ ကိုကို"

ဂျယ်နိုရဲ့အဖြေမှာဂျယ်မင်းကအံ့ဩနေတဲ့မျက်နှာနဲ့စားနေရင်းမော့ကြည့်လာတယ်။ ဘာလို့ဒီလိုမျက်နှာထားဖြစ်သွားလဲဆိုတာသိတဲ့ဂျယ်နိုကထပ်ပြောဖို့လုပ်လိုက်တယ်။

ဂျယ်မင်းကတော့မျက်လုံးလေးပြူးကာသူ့ကိုကြည့်လျက်။ ဂျယ်နိုကဒီပုံစံလေးကိုပဲမြတ်နိုးလို့မဆုံး။ သေးသေးလေးဖြစ်အောင်လုပ်ပြီးအိတ်ကပ်လေးထဲထည့်သိမ်းထားချင်မိသည်အထိ။

"သူတို့ကအရင်လထဲကထွက်သွားဖို့ပြင်ဆင်နေတာ ကိုကိုရဲ့။ ဒါကြောင့်မကြာခင်ထွက်သွား​တော့မှာ"

ဂျယ်နိုကပြောလိုက်တော့မှဂျယ်မင်းရဲ့မျက်လုံးလေးတွေကလင်းလက်လို့။ ဒီလိုပုံစံလေးကိုတွေ့ရတော့ဂျယ်နိုကရင်ခုန်ရပြန်သည်။ သူ့ထက်ကြီးတဲ့ကလေးဆန်သောကိုကိုနဲ့ပက်သက်ရင်နေရာတကာမှာရင်ခုန်လို့။

ဂျယ်နိုကဒီတိုင်းလေးပဲပျော်ရွှင်စွာစားသောက်နေတဲ့ဂျယ်မင်းကိုကြည့်ကာပြုံးနေခဲ့သည်။ အတိတ်မှာဘာတွေပဲဖြစ်ပျက်ခဲ့ ဖြစ်ပျက်ခဲ့ပေါ့။

သူ့မိဘတွေကိုပဲအပြစ်တင်ရမှာပဲ။ သေချာတာကဂျယ်နိုမှာအခုချိန်ထိသူလုပ်ခဲ့တာအတွက်တာဝန်ယူစိတ်မရှိသေး။ ဂျယ်မင်းကဆန်ပြုတ်ကုန်သွားတာနဲ့ဂျယ်နိုကဆန်ပြုတ်ပန်းကန်ကိုယူကာခုံပေါ်တင်လိုက်ပါ၏။

ဂျယ်နိုကတစ်ချိန်တည်းမှာပဲဂျယ်မင်းရဲ့ကျောနောက်မှာခံထားတဲ့ခေါင်းအုံးတွေကိုဖယ်ပေးရင် သက်တောင့်သက်သာအိပ်ချစေတယ်။ ထိုအခါဂျယ်မင်းကဂျယ်နိုလုပ်သမျှကိုကြည့်လာပါသည်။

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now