Part - (53)

420 66 11
                                    

"အပ်ချည်ကြိုးအနီ?"

"အင်း"

"အဲ့ဒါလေငါရုပ်ရှင်ထဲမှာတစ်ခါတွေ့ဖူးတယ်။ သေသွားတဲ့ချစ်သူနှစ်ယောက်ရဲ့လက်သန်းမှာအပ်ချည်ကြိုးအနီကိုတူတူချည်ပေးတာတဲ့။ အဲ့ဆိုအဲ့ချစ်သူတွေကနောက်ဘဝမှာလည်းအချင်းချင်းပြန်တွေ့ကြတယ်ဆိုတဲ့အယူရှိတယ်"

"ဘယ်နိုင်ငံကအယူလဲ?"

"ထိုင်းနိုင်ငံ"

"အပ်ချည်ကြိုးနီကိုလက်သန်းမှာချည်ရင်နောက်ဘဝမှာပြန်ဆုံရတယ်..."

ဂျယ်မင်းကဂျင်ဟျော့စကားကိုသံယောင်လိုက်လိုက်မိတော့ဂျင်ဟျော့ကပြန်မေးလာတယ်။

"မင်းအဲ့ဒါတွေကိုယုံလား?"

"ဂျင်ဟျော့ ငါမင်းကိုမေးစရာရှိတယ်။ အတိတ်ဘဝကိုပြန်မှတ်မိတယ်ဆိုတာဖြစ်နိုင်လား?"

"အတိတ်ဘဝကိုပြန်မှတ်မိတာ? ဖြစ်နိုင်တာပေါ့"

"အသေးစိတ်ပြောပြပါလား ဂျင်ဟျော့။ မင်းအမေကအဲ့ကိစ္စတွေနားလည်တယ်မလား"

"ငါသေချာမသိဘူး။ ငါ့အမေပြောဖူးတာတော့အရင်ဘဝကိုပြန်မှတ်မိတယ်ဆိုတာအရင်ဘဝကတစ်ခုခုကိုဆုတောင်းရင်ဆုတောင်း၊ မဟုတ်ရင်ကြီးမားတဲ့အစွဲကျန်ခဲ့လို့တဲ့။ ဥပမာ ကျိန်စာ၊ သစ္စာဆိုတာမျိုးပေါ့"

"ဒီခေတ်ကြီးမှာကျိန်စာဆိုတာရှိသေးလို့လား ဂျင်ဟျော့ရာ"

"ရှိတာပေါ့ကွ။ မင်းကိုယ်တိုင်းရှေးဟောင်းပစ္စည်းတွေကိုသုတသေနလုပ်နေတာပဲကို။ ရှေးလူတွေကဘယ်လောက်အာဏာကြီးလဲမင်းသိပါတယ်"

"အဲ့ဒါနဲ့ကျိန်စာနဲ့ဘာဆိုင်လဲ"

"ဆိုင်တာပေါ့။ ကျိန်စာဆိုတာလည်းဘုန်းတန်ခိုးအာဏာကြီးတဲ့လူကတိုက်လိုက်ရင်အပြီးပဲလေ"

ဂျယ်မင်းကဂျင်ဟျော့ရဲ့စကားမှာအနည်းငယ်ရပ်တန့်သွားလေတယ်။ တန်ခိုးကြီးတဲ့လူကတိုက်တဲ့ကျိန်စာဆိုရင်တောက်လျှောက်ခံနေရောလား?

ဂျယ်မင်းကဟိုတစ်နေ့ကဂျယ်နိုနဲ့အတူတူသွားပြတဲ့ဆရာဝန်ရဲ့စကားတွေကိုနားယောင်လာတယ်။ 'ဒါကအတိတ်မေ့ဖူးတဲ့သူတွေဖြစ်တဲ့လက္ခဏာပဲ' တဲ့။

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now