"အား နာတယ် နာတယ်"
သူ့ရဲ့ခါးကိုမကာချီလိုက်တဲ့တစ်ဖက်လူရဲ့လက်ကိုရိုက်ရင်းနဲ့ဂျယ်မင်းကအော်ပြောလိုက်ရပါတော့၏။ ခါးဘေးမှာအနာဖြစ်နေပါတယ်ဆို။
ဘယ်လိုလို့ဒီနားကိုကိုင်ပြီးလာချီနေတာလဲ။ ဂျယ်မင်းကအော်လိုက်တော့တစ်ဖက်လူကဂျယ်မင်းကိုချီနေရင်းပဲသူ့လက်ကို နေရာရွှေ့လိုက်ကာ လမ်းလျှောက်နေရင်း
"ချီပြီးပြန်လိုက်ပို့တာပဲကံကောင်းတယ်မှတ်။ ဘာလို့ပေါက်ကရတွေအော်နေရတာလဲ"
သူ့ကိုဘုကလန့်ပြန်ပြောလာတဲ့တစ်ဖက်ကလူကြောင့်ဂျယ်မင်းကမျက်နှာမဲ့ပြီး တစ်ချက်ပင်အရှုံးမခံဘဲထပ်ပြောလိုက်ပါ၏။
"ချီချင်လဲကောင်းကောင်းချီလေ။ အရပ်ရောလူရောကြီးပြီးဦးဏှောက်ကြတော့မကြီးဘူးလား"
ဂျယ်မင်းရဲ့စကားမှာတစ်ဖက်လူကသက်ပြင်းတစ်ချက်ချလိုက်သံကိုကြားလိုက်ရပြီး ထိုလူကဂျယ်မင်းကိုအခန်းတစ်ခန်းထဲခေါ်သွားပါသည်။
ထို့နောက်ဂျယ်မင်းကအိပ်ယာတစ်ခုကိုတွေ့လိုက်ရကာ သိပ်မကြာခင်မှာပဲဂျယ်မင်းကထိုအိပ်ယာပေါ်ပစ်ချခံလိုက်ရပါတော့သည်။
"အာ့"
ဂျယ်မင်းကအသံနောက်တစ်ချက်ထွက်လိုက်မိပါ၏။ ခါးဘေးကိုထိထားရတဲ့လူကိုဒီလိုပစ်ချရလား။ ဒီမကောင်းတဲ့ကောင်ကတော့။
ဒီကောင်အကြင်နာတရားတော့ရှိသေးသည်ထင်ပါသည်။ အနာရှိတဲ့ဘက်ကိုမပစ်ချပေးတဲ့အတွက်ပဲထိုင်ကန်တော့ရမလိုလို။ တစ်ဖက်လူကပြောလိုက်ပါ၏။
"အိပ်တော့"
"မင်းကရော"
ဂျယ်မင်းကထပ်မေးလိုက်တော့တစ်ဖက်လူကဂျယ်မင်းဘက်ကိုပြန်လှည့်လာကာ
"ခင်ဗျားနဲ့တူတူအိပ်စေချင်တာလား"
"မင်းကိုဘယ်သူကတူတူအိပ်ခိုင်းနေလို့လဲ အရူးကောင်။ ငါကမင်းကိုဘယ်မှာအိပ်..."
တစ်ဖက်လူကဂျယ်မင်းဆီလျှောက်လာကာဂျယ်မင်းလှဲချနေတဲ့နေရာရဲ့ ဘေးတစ်ဖက်တစ်ရပ်ဆီကိုလက်ထောက်လိုက်တယ်။ တစ်ပြိုင်ထဲမှာပဲသူ့ဆီကွေးညွှတ်ကျလာတဲ့သူ့ကိုယ်လုံး။
YOU ARE READING
𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽
Romance"တကယ်လို့ဒီကျိန်စာကတကယ်ဖြစ်ခဲ့ရင်တောင်ငါပဲသေပြီးငါပဲနာကျင်ရပါစေ" 1400ကျော်ခုနှစ်ခန့်မှာဒီလူနှစ်ယောက်ရဲ့ချစ်ခြင်းတရားကကျော်ကြားပေါက်ကြားခဲ့တယ် 'ယောင်္ကျားနှစ်ယောက်ချစ်ကြိုက်ခြင်း' ဆိုတဲ့ခေါင်းစဉ်အောက်မှာအမုန်းတရားတွေနဲ့ ကျိန်စာတိုက်ခံရပြီးဒီကျိန်စာကသ...