Part - (2)

1K 113 1
                                    

"လီဂျယ်နို မင်းကိုငါကျိန်စာတိုက်တယ်။ တကယ်လို့မင်းသာသူနဲ့ချစ်မိပြီးပျော်ရွှင်ခဲ့ရင်တောင်မင်းတို့ကငါးဘဝဆက်တိုက် သေကွဲကွဲရမယ်"

ပလ္လင်ပေါ်ကဂျယ်နိုရဲ့အဖေဆိုတဲ့လူကအော်ပြောလိုက်တာဖြစ်တယ်။ သိပ်ရယ်ရတာပဲ။ ဘာကြီး? ကျိန်စာဟုတ်လား? ရပြီ။ အဓိပ္ပာယ်မရှိတာတွေဒီလောက်ပဲရပ်ရမယ်။

"ဂျယ်နို ငါ့ကိုချပေး"

ရုန်းလာတဲ့ဂျယ်မင်းကြောင့်ဂျယ်နိုကလဲချပေးလိုက်ရပါသည်။ ဂျယ်မင်းကဂျယ်နိုရဲ့လက်ထဲကဓားကိုဆွဲလုလိုက်ကာသူ့လက်ထဲကိုင်ထားလာပြီးဂျယ်နို့ကိုပြောလာသည်။

"မင်းရူးနေတာလား။ မင်းကိုယ့်အသက်ကိုယ်တန်ဖိုးမထားတတ်ဘူးလား"

"မင်းကရောကိုယ့်အသက်ကိုယ်တန်ဖိုးမထားတတ်ဘူးလား? ဘာလို့တစ်ချက်လေးတောင်ထွက်ပြေးဖို့မကြိုးစားရတာလဲ"

"ဒါမင်းကောင်းဖို့အတွက်လေ။ မင်းက...မင်းကနန်းတက်ရမယ့်လူ။ ငါကသာမာန်ဆင်းရဲသားတစ်ယောက်။ ငါတို့အဆင့်အတန်းတွေကကွာခြားတယ်"

"ဘာမှမဆိုင်...-"

ဂျယ်နိုကစကားပြောနေပေမယ့်လဲဂျယ်မင်းကဂျယ်နိုရဲ့ 'ဘာမှမဆိုင်ဘူး' ဘာညာဆိုတဲ့စကားတွေကိုမကြားချင်တာကြောင့်ဖြတ်ပြောလိုက်တယ်။

"တကယ်လို့ခုနကကျိန်စာသာတကယ်ဖြစ်ခဲ့ရင်မင်းလဲအန္တာရယ်များတယ်။ အဲ့ဒါကြောင့်...ငါသေရမယ်"

ဂျယ်မင်းရဲ့လက်ထဲကဓားကအလျင်အမြန်လှုပ်ရှားသွားပြီးကိုယ့်ဝမ်းဗိုက်ကိုယ် ဓားနဲ့ထိုးချလိုက်ပါ၏။ ဖြစ်ရပ်တွေကဂျယ်နိုမတားနိုင်လောက်တဲ့အထိမြန်ဆန်လွန်းသည်။

ဂျယ်မင်းဆိုတဲ့ဒီအတွေးလွန်တဲ့ကောင်လေးကအခုလဲအတွေးလွန်ပြီးလုပ်ချင်ရာလျှောက်လုပ်လိုက်ပြန်ပြီ။ ဒါပေမယ့်ဒီတစ်ခေါက်ကတော့လွန်တယ်လေ။

ဂျယ်မင်းကအနောက်ကိုတဖြည်းဖြည်းဆုတ်သွားကာလဲကျတော့မလိုဖြစ်တော့ ဂျယ်နိုကဂျယ်မင်းကိုဆွဲဖမ်းလိုက်ပြီးတော့သူ့ရင်ဘက်ထဲမှာပွေ့ကာအလိုအလျောက်ထိုင်ချလိုက်မိတယ်။

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now