Part - (46)

439 62 6
                                    

ဂျယ်နိုကတောက်လျှောက်ငိုနေရင်းတောင်မှမပြီးဆုံးနိုင်သေးပေမယ့်သူဘာလုပ်ရမလဲဆိုတာတော့သူသိရှာတယ်။ ဂျယ်မင်းရဲ့လက်ကအနာကိုဂျယ်နိုကသွေးတိတ်အောင်ချုပ်ပေးခဲ့တယ်။

ပြီးတော့တစ်ကိုယ်လုံးကိုသန့်ရှင်းရေးလုပ်ကာအဝတ်အစားအသစ်တွေလဲပြီး သူချစ်မြတ်နိုးရတဲ့ကောင်လေးရဲ့အလောင်းကိုသဂြိုလ်ဖို့အသင့်ပြင်လို့။

မျက်ရည်တွေကကျပါများလွန်းလို့ထင်။ ထပ်တောင်မကျတော့။ ရင်ထဲကတစ်ဆစ်ဆစ်နာကျင်နေပြီးတော့သူ့ကိုယ်သူတောင်သန့်ရှင်းရေးပြန်မလုပ်နိုင်။

သူတို့ကဂျယ်မင်းကိုနေ့ချင်းတွင်းသဂြိုလ်လိုက်ကြပြီးတော့ဂျယ်နိုက ဂျယ်မင်းနဲ့အမှတ်တရတွေရှိရာသူ့အိမ်ကအခန်းလေးဆီပြန်လာခဲ့ပါ၏။

ဂျယ်နိုကဂျယ်မင်းအိပ်ခဲ့တဲ့အိပ်ယာလေးပေါ်မှာထိုင်ချလိုက်တော့ဂျယ်နိုက ထိုင်နေရာကနေတစ်ခုခုနဲ့ထစ်သွားတာကြောင့်ဂျယ်နိုကသူ့ဘောင်းဘီရဲ့နောက်အိတ်ကပ်လေးထဲကနေစာလေးတစ်စောင်ထွက်လာပါ၏။

ဂျယ်နိုကချက်ချင်းပဲသူ့ရဲ့သွေးတွေခြောက်နေပြီဖြစ်တဲ့လက်နဲ့အမြန်ဖွင့်လိုက်တယ်။ စာရွက်ထဲမှာတော့သူချစ်ရတဲ့ကောင်လေးရဲ့လက်ရေးလေး။

' သို့ ——> ငါ့ရဲ့အပြုံးလှတဲ့မောင်
မှ ——> မောင့်ရဲ့ယောင်္ကျား

မောင်!! ဒီစာလေးကိုသေချာပေါက်ပြုံးပြီးဖတ်နေရမယ်နော်။ မငိုရဘူးလေ မောင်ရဲ့။ မောင်ကအမြဲတမ်းကိုယ့်ခံစားချက်ကိုယ်သိမ်းထားတဲ့လူမို့မောင့်ကိုစိုးရိမ်နေခဲ့တာ။

ကိုယ့်ခံစားချက်တွေကိုရဲရဲကြီးထုတ်ပြပါ မောင်ရဲ့။ ဘာကိုစိုးရိမ်နေလဲတော့မသိပေမယ့်စိုးရိမ်စရာမလိုပါဘူးဆို။ ငါရှိတယ်လေ မောင်ရဲ့...

အခုမောင့်ဘေးမှာငါကမရှိတော့ပေမယ့်လည်းငါပေးထားတဲ့နာရီလေးကတော့မောင်နဲ့တူတူရှိနေမှာပါ။ ဒါကြောင့်နာရီလေးကိုကောင်းကောင်းထိန်းသိမ်းနော်။

မောင်။ ငါ့ရဲ့မောင်!! ကောင်းတဲ့မိန်းကလေးနဲ့တွေ့ပြီးလက်ထပ်ရမယ်။ ပြီးရင်မောင်လိုချင်တဲ့သမီးလေးတွေအများကြီးမွေးရမယ်။ ဟုတ်ပြီလား

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now