Part - (45)

422 62 7
                                    

"ကိုကို!! ကိုကို ထပါဦးလို့ ကိုကို"

သူ့မိဘတွေနဲ့ဝေးသွားကတည်းကလုံးဝတစ်ခါလေးတောင်ထပ်မငိုဖူးတဲ့ ဂျယ်နိုကဒီတစ်ခါမှာတော့သူဟာတစ်ကမ္ဘာလုံးကိုဆုံးရှုံးလိုက်ရတဲ့အလားငိုယိုနေခဲ့တယ်။

သူ့ပါးစပ်ကနေလဲတောက်လျှောက်သူချစ်ရတဲ့ကောင်လေးရဲ့နာမ်စားကို တောက်လျှောက်ခေါ်နေမိရင်းပဲဂျယ်နိုကအသိစိတ်ကိုလွတ်သွားသလိုပင်။

ဂျယ်နိုရဲ့မျက်လုံးကနေမျက်ရည်တွေကတောက်လျှောက်စီးကျနေခဲ့ကာ မရပ်တန့်နိုင်သောမျက်ရည်တွေအပြင်ကြောက်လွန်း၍ချွေးစေးတွေကလည်းထွက်နေလို့ဆံပင်တွေကပါမျက်နှာမှာကပ်နေလျက်။

"ကိုကိုလို့...ကိုကို..."

ဂျယ်နိုရဲ့အသံတွေကတုန်နေကာအက်ကွဲနေတယ် ငိုသံရှိုက်သံတွေကလည်းသူမတူအောင်တောက်လျှောက်ထွက်ပေါ်နေလျက်။ သူ့ရဲ့လက်တစ်ဖက်ကဂျယ်မင်းရဲ့သွေးထွက်လွန်နေပြီဖြစ်တဲ့လက်က ဓားပြတ်ရာကိုသွေးတိတ်အောင်ဖိထားပေးနေခဲ့တယ်။

ဂျယ်နိုရဲ့တခြားလက်တစ်ဖက်ကတော့သူ့ပေါင်ပေါ်တင်ထားတဲ့ဂျယ်မင်းရဲ့ကိုယ်က ခေါင်းလေးကိုထိန်းထားပေးလျက်ရှိသည်။ ဂျယ်နိုရဲ့ပုခုံးကိုနှစ်သိမ့်ပေးဖို့ရောက်ရှိလာတဲ့လက်တစ်စုံ...

"ဂျယ်နို..."

ဂျယ်နိုကချက်ချင်းပဲသူ့အနောက်ကအဘိုးကိုလှည့်ကြည့်လိုက်သည်။ ဂျယ်နိုကချက်ချင်းပဲသူ့အဘိုးကိုမျက်ရည်ယိုနေတဲ့မျက်လုံးတွေနဲ့တိုးလျှိုးတောင်းပန်လိုက်တယ်။

"ဘိုဘိုး.. ကို...ကိုကို့ ကိုကယ်ပါဦး။ ဘိုဘိုးကကျနော့်ထက်ပိုတော်တဲ့ဆရာဝန်မလား။ ကိုကို ကိုကို့ကိုကယ်ပေးပါ"

ဂျယ်နိုကသူ့မျက်လုံးတွေကိုတင်းတင်ူကြပ်ကြပ်ဖိကာမှိတ်လိုက်ပြီးနောက် ချက်ချင်းပြန်ဖွင့်လိုက်ပြီးသူ့အဘိုးကိုမျှော်လင့်ချက်အပြည့်နဲ့ကြည့်လာတယ်။

"သား... ဂျယ်မင်းကနှလုံးခုန်ရပ်သွားပြီလေ..."

ဂျယ်နိုကချက်ချင်းပဲသူ့အဘိုးကိုအကြည့်ချင်းခွါလိုက်ပြီးဂျယ်မင်းရဲ့ဖြူဖျော့နေတဲ့ မျက်နှာလေးကိုတစ်ဖန်ကြည့်ပြီးငိုပြန်တယ်။ သူ့မျက်ရည်တွေဟာမကုန်ဆုံးနိုင်တော့။

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now