Part - (17)

501 67 0
                                    

"ကျနော်ကတော့ခင်ဗျားကိုမလိုအပ်ဘူး"

"..."

ဒီစကားကကြောက်ဖို့အကောင်းဆုံး...မဟုတ်ဘူး။ သူ့ဘဝသက်တမ်းတစ်လျှောက်မှာကြားဖူးတဲ့အဆိုးဝါးဆုံးနဲ့ မျှော်လင့်ချက်မဲ့အောင်အလုပ်နိုင်ဆုံးစကားတစ်ခွန်းဆိုရင် အခုသူ့ရှေ့မှာရပ်နေတဲ့ကောင်လေးရဲ့စကားကိုပြန်လည်ရေရွတ်ပြမည်။

ဂျယ်နိုရဲ့မျက်လုံးထဲကမျှော်လင့်ချက်ရောင်ခြည်တစ်ချို့ဟာပေောက်ကွယ်သွားပြီး သူ့မျက်နှာကမည်သို့သောခံစားချက်တစ်ခုတစ်လေမျှကိုမရှိတော့။

ဒါကြောင့်သူ၏သူငယ်ချင်းဖြစ်သူ ဝူးကပြောခဲ့သည်ထင်။ 'အချစ်ဆိုတာနှင်းဆီပန်းတစ်ခုလိုပဲ'တဲ့။ လှပတဲ့ပန်းပွင့်လေးရဲ့သဏ္ဌန်ကနေရာယူထားပြီးမင်းဟာဒီပန်းလေးကိုပဲမြင်လိမ့်မယ်တဲ့။

ဒါပေမယ့်မင်းဟာဒီနှင်းဆီပန်းကိုတမြတ်တနိုးဆုပ်ကိုင်လိုက်တဲ့အခါရိုးတိုင်ကဆူးတွေဟာ မင်းကိုနာကျင်စေပြီး၊ ပင်ပန်းစေလိမ့်မယ်တဲ့။

ဂျယ်နိုကသူ့ရဲ့ပျံ့လွင့်နေတဲ့စိတ်တွေကိုအကုန်ပြန်စုစည်းလိုက်တော့မှ သူသိလိုက်ရတာကသူ့ရှေ့မှာထိုကောင်လေးအစား ထိုကောင်လေးရဲ့ကျောပြင်ကိုသာတွေ့ရတော့သည်။

ဂျယ်နိုကသူနဲ့ခပ်ဝေးဝေးရောက်နေပြီဖြစ်တဲ့ကျောပြင်ငယ်လေးဆီကိုတုံ့ဆိုင်းခြင်းမရှိဘဲ ခြေလှမ်းခပ်မြန်မြန်နဲ့လျှောက်ကာလိုက်သွားလိုက်ပါ၏။

ထို့နောက်ထိုကောင်လေးရဲ့လက်ကိုဆွဲကာနန်းတော်ဂိတ်ဝထိရောကအောင်ဆွဲခေါ်လာခဲ့လေတော့သည်။ အနောက်ကကောင်လေးကရုန်းနေတာကိုသူသိသော်လဲမမှု။

ဖွင့်ပြောလိုက်လို့အခြေအနေကဘယ်လိုပဲဖြစ်သွားဖြစ်သွား သူ့ကိုတော့ညအလယ်မှာတစ်ယောက်တည်းသွားချင်ရာသွား ဟူ၍ထားမခဲ့နိုင်။

တံတားနားဘက်ကလူတွေကကောင်းတဲ့လူကခပ်ရှားရှား။ မကောင်းတဲ့ကောင်ဆီမှာသူ့ကိုတစ်ခုခုဖြစ်ခံလိုက်တာထက် သူ့ကိုနန်းတော်ထဲပိတ်ထားတာကမှတော်ပါသေးသည်။

"လွှတ်လို့!"

နန်းတော်ဂိတ်ဝအတွင်းထဲရောက်တော့မှအတင်းရုန်းနေတဲ့ကောင်လေးကိုဂျယ်နိုကလွှတ်ပေးလိုက်ပါ၏။ လွှတ်ပေးလိုက်တာနဲ့နန်းတော်ကနေပြန်ထွက်ဖို့ဂိတ်ဝကိုဦးတည်ပြန်ပါသည်။

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now