"မလိုက်လာနဲ့လို့သေချာပေါက်ပြောခဲ့တယ်ထင်တယ်"
"ဘာဖြစ်တာလဲ"
ဂျယ်နိုကမင်းသမီးငယ်ရဲ့လက်ကိုင်ထားမိတာကိုချက်ချင်းသတိထားမိပြီးတော့ ဖြုတ်ပစ်လိုက်ကာမေးလိုက်တယ်။
မင်းသမီးငယ်ကတစ်ခုခုကိုပြောမလို့ပေမယ့်တုံ့ဆိုင်းနေတော့ဂျယ်နိုက ဂျယ်မင်းနဲ့ဝူးဘက်ကိုလှည့်ကာပြောလိုက်တယ်။
"မင်းတို့သွားနှင့်။ ငါတို့လိုက်ခဲ့မယ်"
ဂျယ်နိုကပြောလိုက်တော့ဂျယ်မင်းကရပ်နေသော်လည်းဝူးကဂျယ်မင်းကိုသာဆွဲခေါ်သွားတော့သည်။ ထိုအခါမှဂျယ်နိုကမင်းသမီးငယ်ကိုကြည့်ပြီး
"မင်းသမီးငယ် တကယ်ပဲကျနော်ကဘာအမှား..."
"ညီမအကို့အပေါ်စိတ်ရှိတာသိတယ်မလား"
ဂျယ်နို့ရဲ့စကားတွေကအလယ်မှာတင်ဖြတ်ပြောခံလိုက်ရပြီးဂျယ်နိုရဲ့မျက်နှာက အံ့ဩတဲ့ပုံစံပေါက်နေတယ်။
"ဟိုးငယ်ငယ်လေးထဲက..အခုအခုချိန်ထိအကို့ကိုတစ်ခါလေးတောင်ညီမငြိုငြင်ဖူးဘူး။ အကိုကဘယ်လိုပဲလုပ်လုပ် ဘယ်လိုပဲနေနေညီမဘက်ကပဲအကို့နောက်ကို တကောက်ကောက်လိုက်နေခဲ့တာမလား။ အကိုကတော့အမြဲတမ်းညီမနဲ့တူတူနေပေးရတာကအမိန့်တစ်ခုလိုမျိုးသဘောထားမှာပါ။ ဒီကလေးမဘာလို့ဒီလောက်လိုက်ကပ်နေလဲဆိုတာမျိုးသေချာပေါက်စဉ်းစားနေမှာပေါ့"
"ဂျူဟွန်း..."
"ဒါပေမယ့်ညီမဘက်ကတော့မဟုတ်ခဲ့ဘူးလို့။ အကို့ကိုငယ်ငယ်ထဲကသဘောကျခဲ့ပြီး အကိုကတော့အမြဲတမ်းညီမကိုလျစ်လျူရှုထားခဲ့တာ။ ညီမအခုပြန်လာပြီးပြီးချင်းညီမရဲ့ခမည်းတော်ကိုဘာသွားပြောခဲ့လဲသိလား။ အကိုနဲ့သဘောတူပေးဖို့။ အကိုကညီမပေါ်စိတ်ရှိလောက်မယ်ထင်လို့။ ဘာကိုမှဂရုမစိုက်တတ်တဲ့အကိုကခဏခဏညီမကိုဂရုစိုက်နေတာကြောင့် ညီမကအဲ့လိုအထင်တွေလွဲပြီးအကိုနဲ့လက်ထပ်ထိမ်းမြှားဖို့အတွက်ခမည်းတော်ကိုသွားပြောခဲ့တယ်မလား!"
"ဂျူဟွန်း မင်း..."
ဂျယ်နိုက 'မင်း' ဟူသောစကားအပြင်ထပ်မထွက်နိုင်တော့။ ဒီကောင်မလေးငိုဖို့နေနေသာသာဝမ်းနည်းတာကိုတောင်တစ်ခါမှမတွေ့ဖူးခဲ့။
YOU ARE READING
𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽
Romance"တကယ်လို့ဒီကျိန်စာကတကယ်ဖြစ်ခဲ့ရင်တောင်ငါပဲသေပြီးငါပဲနာကျင်ရပါစေ" 1400ကျော်ခုနှစ်ခန့်မှာဒီလူနှစ်ယောက်ရဲ့ချစ်ခြင်းတရားကကျော်ကြားပေါက်ကြားခဲ့တယ် 'ယောင်္ကျားနှစ်ယောက်ချစ်ကြိုက်ခြင်း' ဆိုတဲ့ခေါင်းစဉ်အောက်မှာအမုန်းတရားတွေနဲ့ ကျိန်စာတိုက်ခံရပြီးဒီကျိန်စာကသ...