Part - (6)

673 82 0
                                    

"စ"

"တစ်...နှစ်...သုံး...လေး...ငါး...တစ်ဆယ်...နှစ်ဆယ့်တစ်...နှစ်ဆယ့်ကိုး...သုံးဆယ်"

"မင်းတို့ခေါင်းတွေမပြတ်ချင်ရင်တော်ဝင်မျိုးနွယ်တစ်ဦးရှေ့မှာခေါင်းတောင်မမော်နဲ့ နားလည်လား!"

"နားလည်ပါတယ်!"

"ကျယ်ကျယ်"

"နားလည်ပါတယ်!"

"တိုးသေးတယ်"

"နားလည်ပါတယ်!!"

"ထ"

ဩဇာအပြည့်လွှမ်းမိုးကျော်ဇောတဲ့ငရဲစစ်သူကြီးဆိုတဲ့လူရဲ့အသံက အော်လဲမအော်အနေတော်သာဖြစ်သော်လဲရဲမက်တစ်ရာကျော်အုပ်ကြီးကိုထိန်းချုပ်နိုင်သည်။

ရဲမက်အယောက်တစ်ရာကျော်လုံးရဲ့ခေါင်းတွေကအောက်ကိုငုံ့ထားကြပြီး မြေကြီးမှာတစ်ခုခုကပ်နေတဲ့အလား။ အချို့ရဲ့ခြေထောက်တွေကမောပန်း၍တုန်လှုပ်နေသော်လဲပါးစပ်ကနေအသံတစ်သံပင်မထွက်ရဲ။

အပ်ကျသံပင်မကြားရအောင်တိတ်ဆိတ်နေတဲ့ကွင်းပြင်ကျယ်ကြီးထဲမှာ ငရဲစစ်သူကြီးရဲ့အရှိန်အဝါကြောင့်ငှက်တွေတောင်အသံထွက်ရဲသည်မထင်။

ရာသီဥတုသာယာနေတဲ့နေ့မှာတောင်ငှက်အသံတစ်သံမပြောနဲ့။ ကောင်းကင်ပေါ်မှာငှက်တစ်ကောင်တောင်မတွေ့ရ။ နေပူလင်းထိန်နေတာတောင်ပတ်ဝန်းကျင်ကအလွန်အေးစက်နေသည်။

သူတို့ထဲကရဲမက်တစ်ယောက်ကတိုင်းပြည်ရဲ့မင်းသမီးနှစ် လာတဲ့အချိန်မှာခေါင်းကိုမော့ကြည့်လိုက်မိပါသည်။ ထိုအရာကိုမင်းသမီးကမမြင်သွားပေမယ့်လဲ မင်းသမီးရဲ့အထိန်းတော်ကမြင်သွားကာသတိပေးသွားခဲ့ပါသည်။

ဒါကြောင့်ပဲသူတို့ရဲ့ခေါင်းကိုမြေကြီးနဲ့ကပ်ထားပြီးခြေထောက်ကိုလေထဲမှာမြှောက်ထားရင်း တစ်ဆယ့်ငါးစက္ကန့်တစ်ခါပြန်ထလိုက်၊ ပြန်ကပ်ကာမြှောက်ထားလိုက်ဖြင့် အခါငါးဆယ်လုပ်ခဲ့ရသည်လေ။

ဒါကတကယ့်ကိုပင်ပန်းလွန်းပြီးချွေးတွေအရမ်းထွက်နေပေမယ့်ကြောက်ဖို့ကောင်းပြီး အေးစက်လွန်းတဲ့ပတ်ဝန်းကျင်ကြောင့်ထွက်နေတဲ့ချွေးတွေကအေးလာပြီးခြေထောက်တွေပါတုန်လာသည့်အခြေအနေ။

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now