Part - (10)

601 73 3
                                    

"ဘာဖြစ်နေတာလဲဟင်?"

ဂျယ်နိုပြောမယ့်စကားကိုချိုသာလှပတဲ့အသံတစ်ခုကဝင်ရောက်နှောင့်ယှက်လိုက်တယ်။ ဂျယ်နိုကသူ့မြင်းနောက်မှာရှိတဲ့လှည်းပေါ်ကနေဆင်းလာတဲ့မင်းသမီးငယ်ကိုအရိုအသေပြုကာပြောလိုက်ပါ၏။

"ဘာမှမဖြစ်ပါဘူး မင်းသမီး"

ဂျယ်နိုကမင်းသမီးငယ်ကိုအရိုအသေပြုပြီးတော့မင်းသမီးငယ်မေးတာကိုဖြေပြီးတဲ့နောက်မှာတော့ ဂျယ်နိုကထိုကောင်လေးကိုပြန်ကြည့်လိုက်တော့ထပ်မံထွက်သွားပြန်ပြီ။

"ကျစ် ဘယ်ကိုထွက်သွားပြန်ပြီလဲ"

ဂျယ်နိုကထပ်ပြီးတော့ထွက်သွားတဲ့ကောင်လေးနောက်လိုက်ကာလက်ကိုထပ်မံဆွဲလိုက်ပါသည်။ ဂျယ်နိုကထိုကောင်လေးကိုစိုက်ကြည့်လိုက်တော့ထိုကောင်လေးကပြောလာသည်။

"လွှတ်ပါ"

"မင်းဘာလို့ဒီလောက်တောင်ခေါင်းမာနေရတာလဲ"

"စစ်သူကြီးရဲ့အလုပ်ကိစ္စမဟုတ်ပါဘူး"

ဂျယ်မင်းနဲ့ဂျယ်နိုကမျက်လုံးချင်းဆိုင်ကာအကြည့်ချင်းသတ်နေကြပြီးလေထုကပိုပိုအေးစက်လာပါ၏။ ရဲမက်တွေဆိုရင်စကားပြောဖို့နေနေသာသာအသက်ပင်ကျယ်ကျယ်မရှူရဲ။

အကုန်လုံးကသူတို့ငရဲစစ်သူကြီးရဲ့မီးတောက်နေတဲ့မျက်လုံးတွေနဲ့ကြည့်ခံရမှာကိုတုန်လောက်အောင်ကြောက်သည်။ ထိုအရာကိုသတိထားမိသွားတဲ့မင်းသမီးငယ်က သူ့ရဲ့လှည်းပေါ်ကနေဆင်းလိုက်ကာ

"ဘယ်သူလဲဟင် အကို?"

"ကျနော်မျိုးကနိမ့်ကျတဲ့သာမာန်ပြည်သူတစ်ယောက်ပါ မင်းသမီး"

ဂျယ်နိုကစိတ်ရှုပ်စွာပြန်ဖြေဖို့လုပ်လိုက်ပေမယ့်လည်းဂျယ်မင်းက
အရိုအသေပြုလိုက်ကာ ဂျယ်နိုထက်အရင်ပြန်ဖြေလိုက်ပြီးဂျယ်နိုလက်ကနေထပ်ရုန်းပြန်ပါသည်။

ဂျယ်နိုကဂျယ်မင်းရဲ့လက်ကိုပိုပြီးတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ကာ မင်းသမီးငယ်ဘက်ကိုလှည့်ကြည့်လိုက်ကာပြောလိုက်ပါ၏။

"လှည်းပေါ်တက်ပါ မင်းသမီးလေး။ ကျနော်တို့အခုဒီကနေထွက်ခွါပါမယ်"

𝙻𝚘𝚟𝚎 𝙱𝚎𝚝𝚠𝚎𝚎𝚗 𝙲𝚄𝚁𝚂𝙴 🅽🅾︎🅼🅸🅽Where stories live. Discover now