-1-

6.7K 403 8
                                    

[T/n:: Warning!! This story is more focused on comedy and drama! !
Please don't expect that the plot will satisfy you! ! ! But, if you want to release stress and if you really want to laugh a lot,  I recommend this story 100%♡]

သိုင်း​လောကတွင် ကျင့်ကြံ​ရေးဂိုဏ်းများနှင့် မိစ္ဆာဂိုဏ်းတို့သည် အချိန်အ​တော်ကြာ​အောင် အင်အားပြိုင်ဆိုင်လာခဲ့ကြ၏။ ယခုလက်ရှိ ထိတ်လန့်စရာသတင်းတစ်ခုမှာ မိစ္ဆာဂိုဏ်းသည် ​ဟော့ရန်ဂိုဏ်းအား သိမ်းပိုက်နိုင်​လုနီးပါးဖြစ်​နေ​ပြီ ဟူ​သော သတင်းပင် ဖြစ်သည်။ ဂိုဏ်း၏ အကြီးအကဲအားလုံးမှာ ဆံပင်ဖြူမတတ် စု​ဝေးတိုင်ပင်​နေကြ​သော်လည်း ဘာအကြံမှ ထွက်မလာ​ပေ။

ထိုအချိန်တွင် သူလျှိုများထံမှ လျှို့ဝှက်သတင်းတစ်ခုရောက်ရှိလာ၏။ မိစ္ဆာဂိုဏ်းချုပ်မှာ ရုတ်တရက်​သေဆုံးသွားပြီး သူ့​နေရာကို အခြားလူတစ်​ယောက်က ဆက်ခံလိုက်​သည့်အကြောင်းပင်_။ ထိုသူမှာ အရင်ဂိုဏ်းချုပ်၏ ​မွေးစားသားဖြစ်ပြီး မျိုးရိုးအမည် "ကျိ" ၊ ​နာမည်ရင်း "ဟန်"၊ 'ကျိဟန်'ပင်ဖြစ်သည်။ သူ၏သိုင်းပညာမှာ အလွန်​တော်လှသည်။ ဆင်ခြင်​တွေး​ခေါ်နိုင်မှုလည်း မြင့်မားသည်။ ဆုံးဖြတ်ချက်လည်း ပြတ်သားလှသည်။ သို့​သော် သူ့ထံ၌ ကြီးမား​သော ချို့ယွင်းချက်တစ်ခုရှိ​နေ၏။

__သူက ​ယောက်ျား​တွေကိုသာ ကြိုက်သည်။__

မိစ္ဆာဂိုဏ်း၌ ထည့်ထား​သောအတွင်းလူက သူ့အိပ်ခန်းထဲတွင် ချိတ်ဆွဲထား​သော_သိုင်း​လောက နံပါတ်တစ်ဓါးသမား ကျောက်ကျန်း​ကွေ့၏ပုံတူအား မြင်​​တွေ့ခဲ့သည်။ ပုံတူထဲတွင် ​ကျောက်ကျန်း​ကွေ့မှာ အဖြူ​ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမတူ​အောင် ​ချော​မောတင့်တယ်လှ​ပေ၏။ ​ကောလဟလသတင်းများက ထိုပုံတူကို မိစ္ဆာဂိုဏ်းချုပ်ကိုယ်တိုင် ​ရေးဆွဲထားခြင်းဖြစ်ပြီး သူကိုယ်တိုင် ကုတင်​ခေါင်းရင်း၌ ချိတ်ဆွဲထားခြင်းဖြစ်သည် ဟုဆိုကြသည်။ ​ကျောက်ကျန်း​ကွေ့ ပထမဆုံးနာမည်ရလာ​သည့် တိုက်ပွဲပြီးကတည်းက ထိုပုံတူအား ချိတ်ဆွဲထားခြင်းဖြစ်သည်ဟု သိရ၏။ သူလျှိုမှာ ချက်ချင်းပင် အံ့သြတုပ်လှုပ်သွားပြီး ​ဟော့ရန်ဂိုဏ်းထံသို့____
လက်ရှိမိစ္ဆာဂိုဏ်းချုပ်မှာ ​ကျောက်ကျန်း​ကွေ့ , ​ကျောက်သူရဲ​ကောင်း​လေးအား လွန်ခဲ့တဲ့နှစ်​​ပေါင်းများစွာကတည်းက ချစ်ကျွမ်းဝင်​နေခြင်း​ဖြစ်​ကြောင်း_
​ကျောက်သူရဲ​ကောင်း​လေးကသာ တာဝန်ယူပြီး ​ဖြောင်းဖျ​ပေးနိုင်ပါက ​ဟော့ရန်မဟာမိတ်အစုအား ကယ်တင်နိုင်မည်ဖြစ်​ကြောင်း___
သတင်းပါးလိုက်​လေသည်။

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now