-51+52-

607 106 2
                                    

ကျိဟန်က သူ့ကို ခပ်တည်တည်ဖြင့် ကြည့်လိုက်ပြီး_ "မင်းက အ​ရေးမပါတာ​တွေ ဆက်​ပြော​​နေတာပဲ"

​ကျောက်ကျန်း​ကွေ့က​တော့ သူ​ပြောတာကို ဂရုမစိုက်ပဲ_ "ငါနားလည်တယ်.. ငါက မင်းအတွက်...."

သူစကားမဆုံးသေးခင် ကျိဟန်က ပုံမှန်လေသံဖြင့် မထူးခြားသလိုပြောလာသည်။  "ငါက ဓါးတစ်​ချောင်းကို  ကယ်ဖို့အတွက်နဲ့ အသက်စွန့်ပါ့မလား?"

​ကျောက်ကျန်း​​ကွေ့မှာ ထိုစကား​ကြောင့်  အသိစိတ်လွင့်သွား​တော့သည်။ သူ့စိတ်နှင့်ကိုယ် ပြန်မကပ်ခင်မှာပဲ ကျိဟန်က ထို​ခေါင်းစဥ်မှ လမ်း​ကြောင်းလွှဲလိုသဖြင့် အလျင်စလို​ထပ်ပြောလာသည်။

"တစ်ခါတစ်​လေ ငါ​တွေးမိတာက တကယ်လို့ ငါ့မိဘ​​တွေသာ ရှိ​​နေဦးမယ်ဆိုရင် သူတို့လည်း ငါ့ကို သိုင်း​လောကထဲမှာ ကျင်လည်​စေချင်ပါ့မလားဆိုတာ မ​သေချာဘူး.."

​ကျောက်ကျန်း​ကွေ့လည်း ​မ​​နေနိုင်ပဲ ဆက်​မေးလာသည်။ "မင်းမိဘ​တွေက ဘယ်လိုလူ​တွေလဲ?"

ကျိဟန် : "ငါမသိဘူး..  ငါသိတာ သူတို့က ဂိုဏ်းထဲကလူ​တွေပဲ ပြီး​တော့ ရိဖုက သူတို့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်း... ကျန်တာ​တွေကို ရိဖုက ငါ့ကို ​သေချာမ​ပြောပြထားဘူး.."

​ကျောက်ကျန်း​ကွေ့လည်း ​တွေးမိသည်။ ဖြစ်နိုင်သည်က ကျိဟန်၏ မိဘ​နှစ်ပါးလုံး ​သေဆုံးသွားပြီး​​နောက် သူငယ်ချင်းဖြစ်သည့် ဂိုဏ်းချုပ်က ကျိဟန်အား ​မွေးစားလိုက်ပုံရသည်။ သိုင်း​လောကထဲတွင် ထိုသို့​သော အဖြစ်အပျက်များက မနည်းမ​နောပင်။

ကျိဟန်  :  "ငါ မင်းမိဘ​တွေ အ​​ကြောင်းကိုလည်း တစ်ခါမှ မကြားဖူးဘူး"

လူတစ်​ယောက်က သိုင်း​လောက၏ နံပါတ်တစ်ဓါးသမားဖြစ်လာပါက ထိုသူ၏မိဘများမှာလည်း အနည်းနှင့်အများ နာမည်ကျော်ကြားလာမည်ပင်။

​ကျောက်ကျန်း​ကွေ့  :  "ငါလည်း သူတို့ အ​ကြောင်းမသိဘူး.. တစ်​ယောက်​ယောက်က ငါ့ကို ​တောင်​အဝင်ဝမှာ လာပစ်ထားတာ.. ပြီး​တော့ ငါ့ ရှစ်ဖူက ​ခေါ်​မွေးစားလိုက်​တာပဲ.."

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now