-58+59+60-

1.3K 149 13
                                    

အစတွင် ကျိဟန်က ထိုစကား၏ ဆိုလိုရင်းကို နားမလည်သေးသဖြင့် ကျောက်ကျန်းကွေ့အား မျက်မှောင်ကျုံ့ကာ စိုက်ကြည့်နေသည်။ မကြာခင် သူဦးနှောက်ထဲတွင် အလင်းပွင့်သွားပြီးနောက် ဒေါသတကြီး အော်လာတော့သည်။ "မင်း ထပ်ပြီး ပြသနာရှာပြန်ပြီ  !!"

အမှန်တွင်တော့ ပြသနာရှာသူမှာ ကျောက်ကျန်းကွေ့ မဟုတ်ရပေ။ ထိုဇာတ်ညွန်းစာအုပ်ကသာ ပြသနာရှာနေခြင်းဖြစ်သည်။ အဲ့ဒီ အကြီးအကဲတွေက ဘာလို့ ဒီလိုအရှက်မရှိတဲ့ စကားလုံးတွေကို ‌ရေးနိုင်သလဲဆိုတာ သရဲပဲသိလိမ့်မည်။

ကျောက်ကျန်းကွေ့စိတ်ထဲတွင် မကျေမနပ်ဖြင့် အတွေးပွားနေသော်လည်း သူ့မျက်နှာပေါ်တ္ငင်မူ ဘာအမူအရာမှ မပြသရဲပေ။ သူက  ချစ်ရည်ရွှမ်းနေသော မျက်လုံးများဖြင့် ကျိဟန်ကို ဆက်ပြီး ကြင်"နာ" စိုက်ကြည့်နေ၏။

သူက ကျိဟန်​အ​ကြောင်းကို သိပြီးသားဖြစ်သည်။ ဤလူငယ်​​လေးမှာ အလွန်အရှက်ကြီးသူဖြစ်၍ ထိုသို့​ အရှက်မဲ့သည့်စကားလုံးများကို ခံနိုင်ရည်မရှိ​ပေ။ ဒါ​​ကြောင့် ထိုအ​ကြောင်း ဆက်မ​ပြောပဲ စကားလမ်း​ကြောင်းလွှဲမည်မှာ အ​သေချာပင်။

မကြာခင် ကျိဟန်က သူ​ငေးကြည့်​နေသည်ကို မြင်သွား​သော်လည်း သူ​တွေးထားသလိုပင် ဘာမှဆက်​ပြောမလာ​တော့။

ကျိဟန်က အ​နေရခက်စွာ ဆက်ထိုင်​​နေရင်း ထိုစကားကို ​တွေး​​လေ​လေ၊ ရှက်လေ​လေ ဖြစ်လာသည်။ သူ့မျက်နှာကလည်း ခရမ်းချဥ်သီးမှည့်ကဲ့သို့ နီရဲတက်လာပြီး သည်းမခံနိုင်​တော့ပဲ ​ကျောက်ကျန်းကွေ့အား နှင်ထုတ်​တော့သည်။

"မင်းထွက်သွားတော့! ငါအနားယူ​တော့မယ်"

​ကျောက်ကျန်း​ကွေ့ က သူ့ကို စ​နောက်ဖို့ တစ်ခုခုထပ်​ပြောလိုက်ချင်​သေး၏။ သို့​သော် ကျိဟန်​ ဒေါသပိုထွက်လာမည်ကို စိုးသဖြင့် ဘာမှမ​ပြော​တော့ပဲ မတ်တပ်ထလိုက်ပြီး အပြင်ထွက်ရန် ပြင်လိုက်သည်။

ထိုစဥ် ကျိဟန်က သူ့ကို ​ရုတ်တရက် ပြောလာသည်။ "သမား​တော်ယန်က ငါ့ကို ဒီရက်ပိုင်း လမ်း​ပိုလျှောက်ဖို့​ပြောတယ်.."

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now