-66+67-

424 51 6
                                    

{T/n: ဒီမှာ ဘယ်သူက Gongလဲ ဘယ်သူက Shouလဲဆိုတာ မပါသေးဘူးလေ ကိုယ့်ဘာသာပဲ ခန့်မှန်းကြည့်ကြပါဦး ^0^}

//////

ကျောက်ကျန်းကွေ့က ကျိဟန် အလုပ်လုပ်နေသည်ကို အဖော်ပြုကာ စာကြည့်ခန်းထဲ၌ ‌နေပေးသည်။ တဖြည်းဖြည်း အချိန်မှာ ညနေစောင်းသို့ပင် ရောက်ရှိသွားသည်။

လေ့ကျင့်ရေးခန်းမက ပြန်လာကတည်းက နှစ်ဦးသားမှာ စကားတစ်ခွန်းမှ မပြောရသေး။ ကျောက်ကျန်းကွေ့ကတော့ စိတ်ထဲတွင် အတွေးပေါင်းများစွာဖြင့် ရှုပ်ထွေးနေဆဲပင်။ သူက ဘယ်သူ့ဘက်မှာ ရပ်တည်ရမလဲဆိုတာ တကယ်ပဲ ဆုံးဖြတ်လို့မရနိုင်သေး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ကျိဟန် အသက်အန္တရာယ်မကြုံရအောင် သူ မဖြစ်မနေ ကာကွယ်မည်။ အရာအားလုံးပြီးသွားတာနဲ့ အမှန်တရားကို ဖွင့်ပြောပြီး ကျိဟန် အပြစ်တင်သမျှကို ခံယူမည်။

အစေခံအကြီးအကဲက ညစာကို အခန်းထဲသို့ ယူ‌ဆောင်လာ၏။ ကျောက်ကျန့်ကွေ့လဲ ကျိဟန်နှင့် အတူတူစားဖို့ ဆုံးဖြတ်လိုက်သည်။ ကျိဟန်က ဒဏ်ရာရထားတာကြောင့် ဟင်းသီးဟင်းရွက် အနည်းငယ်နှင့် ဆန်ပြုတ်တစ်ခွက်သာ သုံးဆောင်ရသည်။ သူက သူ့ဟင်းခွက်ကို တစ်ခဏမျှ စိုက်ကြည့်လိုက်ပြီး တူများကို ပြန်ချလိုက်တော့သည်။ ထို့နောက် ခါးသက်သည့် မျက်နှာဖြင့်_ "ငါ ဒါတွေ မစားချင်ဘူး"

"ဒါက စားလို့ကောင်းပါတယ်" ကျောက်ကျန်းကွေ့က ဟင်းရွက်ကိုယူကာ ကျိဟန်ရဲ့ ပန်းကန်ထဲသို့ ထည့်ပေးလာရင်း_ "နည်းနည်း‌လောက်တေ့ ဝင်အောင် စားရမယ်လေ.."

ကျိဟန်က မပျော်မရွှင်ဖြစ်နေသည့်ပုံဖြင့်_" ငါကြက်ဥခေါက်ဆွဲပဲ စားချင်တာ"

ကျောက်ကျန်းကွေ့ : "......."

ကျိဟန်က ဘယ်အတွက်ကြောင့် ကြက်ဥခေါက်ဆွဲကို စွဲလမ်းနေလဲဆိုတာ နားမလည်နိုင်ပါပေ။ ကျိဟန်က အကောင်းစားအစားအသောက်များ၊ ဇိမ်ခံပစ္စည်းများကို တပ်မက်ခြင်းမရှိသည့် ဂိုဏ်းချုပ်ကောင်းတစ်ယောက်ပင်။ သို့သော် ဘာမှတန်ဖိုးမရှိသည့် ကြက်ဥခေါက်ဆွဲကိုမှ ဘာကြောင့် စွဲလမ်းနေရသနည်း?

ကျိဟန်က ဆက်ပြောသည်။ "ငါဒီနေ့မှကို ကြက်ဥခေါက်ဆွဲစားချင်စိတ်ဖြစ်နေတာ.."

You've reached the end of published parts.

⏰ Last updated: Jun 08 ⏰

Add this story to your Library to get notified about new parts!

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now