-40-

757 142 3
                                    

သူ့လက်ထဲတွင် ဓားရှိမနေသောကြောင့် ကျောက်ကျန်းကွေ့ အနည်းငယ်စိတ်လှုပ်ရှားနေသည်။

ကျိဟန်မှာ သူ့ဓားပညာမြင့်မားမှုကို အလွန်ယုံကြည်သောကြောင့် အပြင်ဘက်၌ အစောင့်များများစားစားပင် မရှိ။ သို့သော်လည်း ထိုအစောင့်များကို တစ်ချက်နှင့် အပြတ်ရှင်းနိုင်သည့် ရန်သူမှာ အလွန်ကြောက်မက်ဖွယ်ဖြစ်ကြောင်း သိသာလှ၏။

အစေခံအကြီးအကဲ မျက်နှာမှာ ဖြူဖျော့နေသော်လည်း သူမ၏ တည်ငြိမ်မှုကို ဆက်ထိန်းသိမ်းနိုင်ဆဲပင်။

ကျိဟန်က အပြင်၌ ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို အတိအကျမသိချေ။‌ ကောင်းသည့်အရာတစ်ခု မဖြစ်နိုင်ကြောင်းကတော့ အထင်အရှားဖြစ်ပေသည်။ သူက လေထုထဲ၌ သွေးနံ့ကို ရလိုက်သည်။

ထို့နောက် တံခါးက ပွင့်သွားပြီး အခန်းထဲသို့ လူသုံးယောက် ဝင်ရောက်လာ၏။

နှုတ်ခမ်းမွှေးအနည်းငယ်ဖြင့် မျက်နှာဖြူစာသင်သားနှင့်တူသည့် လူတစ်ဦး၊ အသက်16, 17အရွယ်ရှိ အပြာရောင်ဝတ်စုံ ဝတ်ထားသော မိန်းကလေးတစ်ဦး၊ ထို့ပြင် အိုမင်းချိနဲ့နေသည့် တုတ်ကောက်ဖြင့် အဘိုးကြီးတစ်ဦး ပါဝင်သည်။

ထိုအဖွဲ့၏ တွဲစပ်မှုမှာ အလွန်ထူးဆန်းလှသော်လည်း ယခုချိန်တွင် ကျောက်ကျန်းကွေ့  စိတ်မဝင်စားနိုင်ပေ။

မိစ္ဆာဂိုဏ်းချုပ်အား လုပ်ကြံဖို့အတွက် ဟန်ယအဖွဲ့အစည်းမှာ သူတို့၏ ထိပ်တန်းခေါင်းဆောင် သုံးဦးအား တစ်ပြိုင်တည်း စေလွှတ်ခဲ့ခြင်းဖြစ်သည်။

သို့မှသာ သူတို့၏ ချောင်းမြောင်းလုပ်ကြံမှုက အနှောင့်အယှက်မရှိမည်ဖြစ်သည်။ သူတို့သုံးယောက်အစွမ်းမှာ တောတောင်၊ မြစ်ချောင်း အနှံ့မှ လူအများအား အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ပစ်ဖို့ လုံလောက်သောကြောင့်ပင်။

စာသင်သားနှင့် တူသည့်လူက စကားစပြောသည်။ ထိုလူ့ အမည်မှာ ရှီကိုင်း ဟုခေါ်သည်။

သူက ကျိဟန်မျက်နှာကို တစ်ခဏမျှ သေချာစိုက်ကြည့်ပြီးနောက် နောင်တရသည့်လေသံဖြင့်ပြောသည်။

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now