-3-

1.4K 273 4
                                    

အကြီးအကဲများမှာ မှန်းချက်နှင့်နှမ်းထွက်မကိုက်ခြင်းကြောင့် စိတ်ပျက်သွားကြသည်။ ထို့နောက် သူတို့က ချင်ဟွာမြို့က နာမည်ကြီးတစ်ယောက်ဖြစ်တဲ့ ယွီရှန်းအာကို ထပ်မံဖိတ်ခေါ်လိုက်ပြန်၏။

ယွီရှန်းအာပြောသည်က သူက ယောက်ျားလေးတစ်ထောင်ကျော်ကို လေ့ကျင့်သင်ကြားပေးခဲ့သူဖြစ်သည်ဟု...။ ဘယ်လောက်ပင် အေးတိအေးစက်နိုင်တဲ့သူဖြစ်ပါစေ..သူ့ရဲ့ လေ့ကျင့်ပေးမှုကို ခံယူပြီးပါက..ခါးလေးလှုပ်ရုံဖြင့် လူအများကို နှာခေါင်းသွေးထွက်စေနိုင်တဲ့ ကနွဲ့ကလျအလှလေးများ ဖြစ်ကုန်ကြောင်း....။

သင်ခန်းစာရဲ့ ပထမအဆင့်ကတော့...ကျောက်သူရဲကောင်းရဲ့ အဝတ်တွေကို ချွတ်ဖို့ပါပဲ....။

ယွီရှန်းအာက သူ့ရဲ့ နွဲ့လျောင်းသွယ်လျတဲ့ လက်ကလေးကို ဆန့်ထုတ်ပြီး ကျောက်ကျန်းကွေ့ရဲ့ ဝတ်ရုံကော်လံကို ဆွဲဖွင့်ရန်ကြိုးစားလေ၏။ ကျောက်ကျန်းကွေ့က သူ့လက်ကို ဆွဲဖယ်လိုက်ပြီး လက်ကောက်ဝတ်ရှိသွေးကြောကို ဖိညှစ်လိုက်၏။ ယွီရှန်းအာမှာ နာကျင်မှုကြောင့် အော်ဟစ်လိုက်သည်။ ထို့နောက် သူက ခေါင်းမော့လိုက်ကာ ကျောက်ကျန်းကွေ့၏ အေးစက်တင်းမာနေသောမျက်နှာကို ကြည့်လိုက်သည်။

ယွီရှန်းအာက တိုးညှင်းစွာဖြင့်_"ကျောက်သူရဲကောင်းလေး....အဝတ်တွေကိုချွတ်မှ သေချာသင်ပြပေးလို့ရမှာပေါ့ဗျာ.."

ကျောက်ကျန်းကွေ့က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး_" နေ့ခင်းကြောင်တောင်မှာ ဒီလိုမသင့်လျော်တာတွေလုပ်ရအောင်... ငါကမင်းလို ပြည့်တန်ဆာမှ မဟုတ်တာ.."

ယွီရှန်းအာမှာ လက်မလျှော့သေးပဲ သူ့ရဲ့  ပျော့ပျောင်းလှတဲ့လက်များနှင့် ကျောက်ကျန်းကွေ့၏ ခန္ဓာကိုယ်ကို အထက်အောက်ပွတ်သပ်လေတော့သည်။ သူ့ရည်ရွယ်ချက်မှာ ကျောက်ကျန်းကွေ့၏ ကိလေသာမီးများကို တောက်လောင်စေရန်ဖြစ်သည်။

ကျောက်ကျန်းကွေ့က ရေခဲတမျှ အေးစက်သောအသံဖြင့်_"မင်းငြိမ်ငြိမ်မနေပဲ ငါ့ကို ထပ်ပြီးထိရင်..မင်းလက်ကောက်ဝတ်ကို ချိုးပစ်မယ်..."

ယွီရှန်းအာ : "........"

ယွီရှန်းအာလည်း လက်လျှော့လိုက်ပြီး စိတ်ပျက်စွာဖြင့် လှည့်ထွက်သွား၏။  သို့သော် လမ်းလျှောက်ရင်း မထင်မှတ်ထားစွာဖြင့် ဝတ်ရုံအနားကိုတက်နင်းမိကာ မြေပြင်ပေါ်သို့ ဘိုင်းခနဲ လဲကျသွားတော့သည်။ ထိုအချိန်တွင် ကျောက်ကျန်းကွေ့က ချက်ချင်းပဲ လက်ဖြင့်လှမ်းဆွဲလိုက်ပြီး မလဲကျသွားဖို့ ကူညီပေးလိုက်သဖြင့် ယွီရှန်းအာ၏ကိုယ်လုံးလေးမှာ သူ့ရင်ခွင်ထဲသို့ ရောက်သွားလေသည်။ သူ့ကိုပွေ့ဖက်ထားရင်း ကျောက်ကျန်းကွေ့က အေးစက်စွာဖြင့် တစ်ခွန်းတည်းသာပြောသည်။ _"ဂရုစိုက်ပါ..."

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now