-37-

691 141 0
                                    

ကျောက်ကျန်းကွေ့မှာ ထိုစကားကို ပြောပြီးနောက် အလွန်ချိုအီလွန်းသည်ဟု ခံစားရလာ၏။ တစ်ကိုယ်လုံး ရှက်ရွံ့မှုကြောင့် ထုံကျင်လာသလိုပင်..။ ထို့ကြောင့် သူက ကျိဟန်ကို စေ့စေ့မကြည့်ဝံ့ပဲ ဆုပ်ကိုင်ထားသည့် လက်များကိုသာ ငုံ့ကြည့်နေမိသည်။

ကျိဟန်လက်များမှာ ရှည်မျောကာ သွယ်လျ၏။ လက်ချောင်းများမှာ အချိုးအစားညီကာ လှပပြီး လက်မနှင့် လက်ညှိုးကြားရှိ နေရာတစ်ချို့၌မူ အသားမာအနည်းငယ် တက်နေသည်။ လက်သည်းများကိုလည်း သေသပ်တိရိစွာ ညှပ်ထားသည်။

ဒါက ဓားကိုင်တဲ့ လက်တွေပဲ...။

သို့သော် သိုင်းလောကထဲတွင် လှည့်လည် သွားလာနေသော သူများအားလုံးထက် ဤလက်များမှာ လှပလွန်းနေသည်။

ကျိဟန်က ကျောက်ကျန်းကွေ့၏ စကားတစ်ခွန်းကြောင့် ရှောခ့်ရသွားပုံရပြီး လက်ကိုရုန်းပစ်လိုက်ဖို့ မေ့သွားသည်။

အစေခံအကြီးအကဲက တုန်တုန်ယင်ယင်ဖြင့် မေးသည်။ "ဂိုဏ်းချုပ်.. ဒီအစေခံက ဆေးသွားယူပေးဖို့ လိုသေးလား?"

နှစ်ဦးလုံး ဘာမှမတုံ့ပြန်ပေ။

ထို့နောက် ကျိဟန်အသိစိတ်များ ပြန်လည်ရောက်ရှိလာပုံရသည်။ သူက ကျောက်ကျန်းကွေ့ကိုင်ထားသော မိမိလက်ကို အတင်းဆွဲထုတ်နေ၏။

ကျောက်ကျန်းကွေ့က လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည့်အပြင် သူခုနကပြောလိုက်သည့် စကားကလည်း ချိုသာလွန်းလှသည်။ ကျိဟန်မျက်နှာမှာ အလိုအလျောက် တစ်ဖြည်းဖြည်းနီမြန်းလာတော့၏။

ထိုအချိန်တွင် ရှောင်လင်းက စာရင်းစာအုပ်များကို ကိုင်ပြီး အခန်းထဲသို့ ရောက်ရှိလာသည်။

"ဂိုဏ်းချုပ်.. ဒါက မော့ပေဘက်က လက်အောက်ခံနယ်မြေခုနှစ်ခုရဲ့ ဒီနှစ်အတွက် စာရင်းဇယားတွေပါ.." ရှောင်လင်းက တင်ပြသည်။ "ဂိုဏ်းချုပ်... စစ်ကြည့်ပါဦး"

ကျိဟန်က ခေါင်းငြိမ့်ပြီး စာကြည့်ခန်းထဲသို့ အရင်ပို့ထားရန် ရှောင်လင်းအား ပြောလိုက်သည်။

အစေခံအကြီးအကဲကလည်း ဒီအခွင့်အရေးကို အရယူပြီး ရှောင်လင်း နောက်သို့ လိုက်သွား၏။

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now