-18-

810 158 0
                                    

ကျောက်ကျန်းကွေ့က တံခါးမှ အလျင်စလိုထွက်လာခဲ့ပြီး စိတ်ငြိမ်စေရန် ခြံဝန်းထဲတွင် လမ်းပတ်လျှောက်နေ၏။ နှစ်ပတ်မျှလျှောက်ပြီးနောက် သူစိတ်ငြိမ်သွားပေသည်။

သို့သော် သူ့ကိုယ်သူ နားမလည်နိုင်သေး။ အ‌နောက်တိုင်းမှလာသော မိစ္ဆာနှင့်တူသည့် ကြောက်စရာဘုန်းတော်ကြီးများနှင့် ရင်ဆိုင်ရစဥ်ကပင် ဤမျှ မထိတ်လန့်ဖူးပါ။

ဒီတိုင်း မျက်လုံးလေးမှိတ်ပြီး နမ်းလိုက်ရုံလေးပဲကို ဘာလို့ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ???

သူက သူ့ကိုယ်သူ တွန်းအားပေးကာ အခန်းထဲသို့ ပြန်ဝင်လာသည်။

အစေခံမလေးနှစ်ယောက်ကို ပြန်လွှတ်လိုက်ပုံပေါ်၏။ အခန်းထဲ၌မရှိတော့..။ ကျိဟန်ကမူ အမူအရာမရှိသော မျက်နှာသေဖြင့် စားပွဲဘေးတွင် ထိုင်နေသည်။ ရှောင်လင်းမှာ သူ့ဘေးတွင် ကြောက်ရွံ့ စွာဖြင့် မတ်တပ်ရပ်နေ၏။

ကျောက်ကျန်းကွေ့  :  "ငါစိတ်ငြိမ်သွားပြီ.."

ကျိဟန်က သူ့ကို မော့ကြည့်လာ၏။ သူ့မျက်နှာတွင် မကောင်းဆိုးဝါးတစ်ကောင်အား ရုတ်တရက် မြင်လိုက်ရသည့် ခံစားချက်များ ထင်ဟပ်နေသည်။

ကျောက်ကျန်းကွေ့  :  "မင်း...မင်း နံရံအကွယ်နောက်ကို အရင်သွားထားနှင့်ပါလား.."

ကျိဟန်က သူ့စကားများကို အရေးမလုပ်ပဲ အမိန့်ပေးသံဖြင့်ပြောလာသည်။ "ငါညကျရင် ခေါက်ဆွဲတစ်ပွဲစားချင်တယ်..ခေါက်ဆွဲထဲမှာ နှမ်းဆီနဲ့ ကြော်ထားတဲ့ ကြက်ဥနှစ်လုံးပါရမယ် ..ကြက်သွန်မြိတ်လုံးဝမထည့်နဲ့..ပန်းကန်ထဲမှာ ပြင်ပြီးရင် နှမ်းဆီကို အပေါ်ကနေဆမ်းပေး...တကယ်လို့ ခေါက်ဆွဲထဲမှာ ကြက်သွန်မြိတ် တစ်ဖတ်လောက် တွေ့တာနဲ့..ငါမင်းကို ဂိုဏ်းထဲကနေနှင်ထုတ်ပစ်မယ်.."

ကျောက်ကျန်းကွေ့  :  "....??ဟမ်??..."

____________________________________________________________________________

31.7.2022(Sun) 🤍

/////////////////////////////////////////////////////////////////////////////////

~~~~~ZAWGYI VERSION~~~~~

ေက်ာက္က်န္းေကြ႕က တံခါးမွ အလ်င္စလိုထြက္လာခဲ့ၿပီး စိတ္ၿငိမ္ေစရန္ ၿခံဝန္းထဲတြင္ လမ္းပတ္ေလွ်ာက္ေန၏။ ႏွစ္ပတ္မွ်ေလွ်ာက္ၿပီးေနာက္ သူစိတ္ၿငိမ္သြားေပသည္။

သို႔ေသာ္ သူ႔ကိုယ္သူ နားမလည္ႏိုင္ေသး။ အ‌ေနာက္တိုင္းမွလာေသာ မိစာၦႏွင့္တူသည့္ ေၾကာက္စရာဘုန္းေတာ္ႀကီးမ်ားႏွင့္ ရင္ဆိုင္ရစဥ္ကပင္ ဤမွ် မထိတ္လန႔္ဖူးပါ။

ဒီတိုင္း မ်က္လုံးေလးမွိတ္ၿပီး နမ္းလိုက္႐ုံေလးပဲကို ဘာလို႔ဒီေလာက္ စိတ္လႈပ္ရွားေနရတာလဲ???

သူက သူ႔ကိုယ္သူ တြန္းအားေပးကာ အခန္းထဲသို႔ ျပန္ဝင္လာသည္။

အေစခံမေလးႏွစ္ေယာက္ကို ျပန္လႊတ္လိုက္ပုံေပၚ၏။ အခန္းထဲ၌မရွိေတာ့..။ က်ိဟန္ကမူ အမူအရာမရွိေသာ မ်က္ႏွာေသျဖင့္ စားပြဲေဘးတြင္ ထိုင္ေနသည္။ ေရွာင္လင္းမွာ သူ႔ေဘးတြင္ ေၾကာက္႐ြံ႕ စြာျဖင့္ မတ္တပ္ရပ္ေန၏။

ေက်ာက္က်န္းေကြ႕ : "ငါစိတ္ၿငိမ္သြားၿပီ.."

က်ိဟန္က သူ႔ကို ေမာ့ၾကည့္လာ၏။ သူ႔မ်က္ႏွာတြင္ မေကာင္းဆိုးဝါးတစ္ေကာင္အား ႐ုတ္တရက္ ျမင္လိုက္ရသည့္ ခံစားခ်က္မ်ား ထင္ဟပ္ေနသည္။

ေက်ာက္က်န္းေကြ႕ : "မင္း...မင္း နံရံအကြယ္ေနာက္ကို အရင္သြားထားႏွင့္ပါလား.."

က်ိဟန္က သူ႔စကားမ်ားကို အေရးမလုပ္ပဲ အမိန႔္ေပးသံျဖင့္ေျပာလာသည္။ "ငါညက်ရင္ ေခါက္ဆြဲတစ္ပြဲစားခ်င္တယ္..ေခါက္ဆြဲထဲမွာ ႏွမ္းဆီနဲ႔ ေၾကာ္ထားတဲ့ ၾကက္ဥႏွစ္လုံးပါရမယ္ ..ၾကက္သြန္ၿမိတ္လုံးဝမထည့္နဲ႔..ပန္းကန္ထဲမွာ ျပင္ၿပီးရင္ ႏွမ္းဆီကို အေပၚကေနဆမ္းေပး...တကယ္လို႔ ေခါက္ဆြဲထဲမွာ ၾကက္သြန္ၿမိတ္ တစ္ဖတ္ေလာက္ ေတြ႕တာနဲ႔..ငါမင္းကို ဂိုဏ္းထဲကေနႏွင္ထုတ္ပစ္မယ္.."

ေက်ာက္က်န္းေကြ႕ : "....??ဟမ္??..."

____________________________________________________________________________

31.7.2022(Sun) 🤍



The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now