-21-

798 164 6
                                    

ကျိဟန်က မီးဖိုချောင်ထဲဝင်ကာ ကြက်ဥနှစ်လုံးကို ညွှန်ပြပြီး_"ဒါက ဘာလဲ?"

ကျောက်ကျန်းကွေ့  :  "ကြက်ဥကြော်"

ကျိဟန်  :  "......."

ကျောက်ကျန်းကွေ့က အလေးအနက်ဆက်ပြောလာသည်။ "မင်း ကြက်ဥအရမ်းကြိုက်တယ်လို့ ရှောင်လင်းကပြောတယ်..ဒါကြောင့် ငါ အပိုတစ်လုံးထပ်ထည့်ထားတာ.."

ကျိဟန် : "......."

ကျောက်ကျန်းကွေ့  :  "ခဏစောင့်ပါဦး...သိပ်မကြာခင်ကျက်တော့မှာ.."

ကျိဟန် :  "ကြက်ဥမကြော်ခင် အခွံတွေဖယ်ရတယ်ဆိုတာ သိလား??"

ကျောက်ကျန်းကွေ့  :  "......အာ?.."

ကျိဟန်က ဘေးမှ တူတစ်ချောင်းကောက်ယူကာ ကြက်ဥများကို အသာတို့ကြည့်သည်။ ကျောက်ကျန်းကွေ့ကမူ အချိန်လွန်သွားမှာ စိုးသည့်အလား ပါးပါးလှီးထားသည့် ဂျင်းများနှင့် ကြက်သွန်ဖြူများကို အလျင်အမြန်ထည့်ကာ ယောက်မဖြင့် မွှေတော့သည်။ လုံးလုံးဝိုင်းဝိုင်း ကြက်ဥနှစ်လုံးပေါ်တွင် ဂျင်းဖတ်များနှင့် ကြက်သွန်ဖြူဖတ်များ ပေကျံလျက်...။ ကြည့်ရသည်မှာပင် ထိတ်လန့်စရာကောင်းလှသည်။

ဒီလို ကြက်ဥကြော်ရမယ်လို့ ဒီအရူးကို ဘယ်သူသင်ပေးလိုက်တာတုန်း!!!!

ကျိဟန်က စိတ်ထိန်းလျက်_"မင်း အရင်က ကြက်ဥကြော်မစားဖူးဘူးလား??"

ကျောက်ကျန်းကွေ့  :  "သေချာပေါက်စားဖူးတာပေါ့.."

ကျိဟန် :  "မင်းစားတဲ့ကြက်ဥကြော်က အခွံတွေပါတယ်ပေါ့?"

"မပါဘူးလေ.." ကျောက်ကျန်းကွေ့က သူ့ကို မတုံ့မဆိုင်းပင် နှစ်သိမ့်လာသည်။ "စိတ်မပူပါနဲ့...ခဏနေ ကျက်သွားရင် အခွံတွေ ခွာလိုက်မယ်.."

ကျိဟန် : "......."

............

ဒီလူ၏ ဦးနှောက်တစ်နေရာတွင် ချို့ယွင်းချက်အကြီးစားရှိနေမည်မှာ သေချာသလောက်ပင်ဟု ကျိဟန်တွေးမိသည်။

သူ ကျောက်ကျန်းကွေ့အား တစ်ခုခုထပ်ပြောဖို့ တွေးနေစဥ်မှာပဲ အိုးထဲကကြက်ဥများထံမှ အသံများမြည်လာ၏။ ထို့ကြောင့် ကြက်ဥဝိုင်းနှစ်လုံးအား ငုံ့ကြည့်မိသည်။

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now