-11-

957 191 3
                                    

သူ့အသံဆုံးသွားသည်နှင့် လူတစ်ယောက် စားသောက်ဆိုင်ထဲသို့ အတင်းပြေးဝင်လာ၏။

မော့ပေသူရဲကောင်းနှစ်ယောက်သည်လည်း လူအုပ်လိုက်ကြီးနှင့် ယှဥ်ပါက မဝင်လာအောင် တားဆီးထားလို့မရပေ။

ထို့ကြောင့် တစ်ယောက်ပြီးတစ်ယောက် စားသောက်ဆိုင်ထဲသို့ ဝင်လာကြတော့သည်။ စားသောက်ဆိုင်မှာ မူလကတည်းက လူပြည့်နေပြီးသားဖြစ်သောကြောင့် ထပ်ဝင်လာသောအခါ လူအုပ်ကြီးဖြင့် ပြည့်သိပ်နေတော့၏။

စားနေသောဧည့်သည် များမှာ အလျင်အမြန်ထွက်ပြေးသွားကြပြီး ဆိုင်ရှင်သည်လည်း ဝန်ထမ်းများကို ခေါ်၍ နောက်ဖေး၌ သွားပုန်းနေသည်။

ကျောက်ကျန်းကွေ့က လူအုပ်ထဲသို တစ်ချက်မျှဝေ့ကြည့်လိုက်သည်။ ရောက်လာကြသောလူအများစုမှာ သူရင်းနှီးနေပြီးသားမျက်နှာများပင် ဖြစ်၏။ သိုင်းလောကထဲမှ အနည်းငယ်ရိုင်းစိုင်းကာ စကားပြောကြမ်းသူ အများစုပါဝင်ပြီး မိတ်ဆွေတစ်ချို့ပင် ပါဝင်သေးသည်။

ကျင်းပေကောင်းက ရှေ့ထွက်လိုက်ပြီး ပြောသည်။ "အားလုံးပဲ..ကျွန်တော်ထင်တာတော့. ..တစ်ခုခုအထင်လွဲစရာလေးတွေရှိလို့ပါ..ကျောက်သာ့ကောက လုံးဝ အဲ့လိုလူမဟုတ်..."

သူစကားပြောလို့ မဆုံးခင်မှာပဲ လူသုံးလေးယောက်ခန့်က တိုက်ဖို့ထွက်လာတော့သည်။

ကျောက်ကျန်းကွေ့က တွေးသည်။ ထိုလူများမှာ အမှန်တရားကို မသိကြပေ။ သူတို့၏ ရိုင်းစိုင်းကြမ်းကြုတ်သော အမူအကျင့်အလျောက် တစ်ဇွတ်ထိုး တိုက်ခိုက်လာလိမ့်မည်။ သူက သူတို့အား အနာတရဖြစ်သည်ထိ ပြန်တိုက်လို့မရပေ။ နေရာတိုင်းမှာ ပတ်ပြေးနေရုံသာ လုပ်လို့ရပြီး သူကိုယ်တွင် ချီတ်ဆွဲထားသောဓားကို ဘယ်လိုနည်းနှင့်မှ ထုတ်တိုက်လို့မဖြစ်..။

သို့သော် ထိုသို့ ပတ်ပြေးပုန်းနေခြင်းသည်လည်း နည်းလမ်းကောင်းတော့မဟုတ်ပေ။ သူက ဒီလူအုပ်ကြားမှ ဘယ်လိုထွက်ပြေးသင့်ကြောင်း တွေးတောနေစဥ်မှာပင်..ဓားထုတ်ထားသော လူများ၏ လက်ထဲမှ ဓားအားလုံးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျကုန်တော့သည်။

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now