-33-

751 133 1
                                    

ရှောင်လင်းက ကျောက်ကျန်းကွေ့ကို စပ်စုသည်။ "ဂိုဏ်းချုပ်က အရက်ခံနိုင်ရည်မြင့်ပေမဲ့.. အရက်ကို အများကြီးသောက်တာရှားတယ်.. ကျောက်သူရဲကောင်း... မနေ့ညက ဂိုဏ်းချုပ်ကို မူးအောင် ဘယ်လိုများတိုက်လိုက်တာလဲ? ကျွန်တော် နည်းနည်းသိချင်မိတယ်.."

ကျောက်ကျန်းကွေ့လည်း မနေ့ညတုန်းက ဖြစ်ပျက်ခဲ့သမျှကို ပြောပြလိုက်သည်။ သူပြောတာကို နားထောင်နေရင်း ရှောင်လင်း၏မျက်နှာမှာ ထူးဆန်းလာသည်။

ရှောင်လင်း  :  "အကြီးအကဲတွေပြောတဲ့ အားနည်ချက်ကို ဖမ်းဆုပ်ဖို့ဆိုတာ ဓားရေးမှာ မဟုတ်ဘူးလေဗျာ!!"

ကျောက်ကျန်းကွေ့မှာ စိတ်ရှုပ်နေဟန်ဖြင့် ကြည့်နေ၏။

ရှောင်လင်း  :  "စိတ်နေစိတ်ထား၊ နှလုံးသားရဲ့ အားနည်းချက်ကိုပြောတာဗျ!! "

ကျောက်ကျန်းကွေ့  :  "......."

အာ..လက်စသတ်တော့ ဒီလိုကိုး..

ကျိဟန်ကြိုက်တဲ့ အပြုအမူတွေ သူတောင့်မခံနိုင်မယ့် အားနည်းချက်တွေကို ရှာပြီး ငါ့ကို အေးစက်စက် မဆက်ဆံတော့အောင် ကြိုးစားရမှာလို့ ပြောချင်တာပဲ..

ကျောက်ကျန်းကွေ့တစ်ယောက် အခုမှသာ အလင်းရသွားတော့သည်။

ထိုစဥ် ရှောင်လင်းက ဝတ်ရုံလက်ကြားထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်၏။

ရှောင်လင်း  :  "လက်ရှိအခြေအနေက အရင်ကျွမ်းကျင်သူတွေ ပြုစုထားတဲ့ စာအုပ်လောက်နဲ့ မလုံလောက်တော့ဘူးလေ.. ဒါကြောင့် အကြီးအကဲတွေက ကျောက်သူရဲကောင်း‌ပြောဖို့ ဇာတ်ညွှန်းစာအုပ် အသစ်ပေးခိုင်းထားတယ်.."

ကျောက်ကျန်းကွေ့ : "......."

.........

ကျောက်ကျန်းကွေ့ ထိုစာအုပ်ကို အကြိမ်ရေအနည်းငယ် ဖတ်ပြီးသည်ထိ ကျိဟန်က ပြန်မလာသေးပေ။

ကျောက်ကျန်းကွေ့မှာ ဖတ်နေရင်း စာအုပ်ထဲရှိ စကားလုံးများကို သံသယဝင်လာသည်။ "ဒါတွေက တကယ်အလုပ်ဖြစ်ရဲ့လား??"

ရှောင်လင်း  :  "အလုပ်ဖြစ်တာပေါ့ဗျာ! သေချာပေါက်ကို အသုံးဝင်တယ်!!"

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now