ကျိဟန်မှာ ရုတ်တရက် ဝိဥာဥ်လွင့်သွားသလိုပင် ခံစားရသည်။ သို့သော်လည်း ချက်ချင်းပင် အသိစိတ်ပြန်ကပ်လိုက်၏။
ဝမ်အကြီးအကဲနှင့် အခြားလူများမှာ ကျောက်ကျန်းကွေ့အား သေချာမမြင်ဖူးကြပေ..။ ထို့ပြင် သူက လက်ရှိ မိစ္ဆာဂိုဏ်းချုပ်ဖြစ်သည်။ ဂိုဏ်းချုပ်က ယောက်ျားတစ်ယောက်နဲ့ အတူအိပ်တယ်ဆိုလည်း ဘာဖြစ်သွားမှာမို့လဲ?
ကျိဟန်က စိတ်ထဲတွင် ထိုသို့တွေးလိုက်ပြီး ဒီကိစ္စမှာ သူ့အလိုလို ပြီးဆုံးသွားလိမ့်မည်ဟု ယုံကြည်လိုက်သည်။
"မင်းတို့ကို ဘယ်သူကဝင်ခိုင်းလို့လဲ??" ကျိဟန်က အေးစက်စွာပြောသည်။ "အစည်းအဝေးခန်းမမှာ စောင့်နေကြ.. ခဏနေရင် ငါလာခဲ့မယ်!"
........
ထိုစဥ် အခန်းထဲသို့ ရောက်လာသည့် ရှောင်လင်းက ကြမ်းပြင်ပေါ်မှ အဝတ်အစားများကိုကြည့်ကာ_"ဂိုဏ်း... ဂိုဏ်းချုပ်.. ဒါတွေက ကျောက်သူရဲကောင်းရဲ့ ဝတ်ရုံတွေမလား..???"
ကျိဟန် : "........."
ဝမ်အကြီးအကဲက မေးသည်။ "ကျောက်သူရဲကောင်း??"
ဟွားလက်ရုံးသည်လည်း အံ့အားသင့်သွားဟန်ဖြင့်_" သိုင်းလောကရဲ့ နံပါတ်တစ် ဓားသမား.. ကျောက်ကျန်းကွေ့ လား??"
ရှောင်လင်းက မိမိအမှားကြီးတစ်ခုအား ကျူးလွန်လိုက်မိကြောင်း နားလည်သွားပြီး ဒူးထောက်ချလိုက်ကာ အော်ဟစ်တော့သည်။ "ဂိုဏ်းချုပ်... ဒီငယ်သားက သေလောက်တဲ့အပြစ်ကို ကျူးလွန်မိပါတယ်... အသက်ကို ချမ်းသာပေးပါ!!"
ကျိဟန် : "........."
ထိုခဏတွင် ဝမ်အကြီးအကဲ၏ မျက်နှာမှာ စိတ်ရှုပ်ထွေးသွားသလား၊ ကသိကအောက်ဖြစ်သွားလား မသဲကွဲ။ သူက ဟမ့် ခနဲ တစ်ချက်မျှသာ အသံပြုပြီးနောက် ဝတ်ရုံလက်များကို ခါယမ်းလိုက်ကာ အစည်းအဝေးခန်းမဆီသို့ ပြန်လှည့်သွားတော့သည်။
ဟွားလက်ရုံးက သူမမျက်နှာကို ကွယ်ကာ တစ်ချက်ပြုံးလိုက်ပြီး_"ဂိုဏ်းချုပ်.. ဒီငယ်သားလည်း အစည်းအဝေးခန်းမကနေ သွားစောင့်နေပါ့မယ်.. အဝတ်အစားဝတ်လိုက်ပါဦး.."
YOU ARE READING
The Wrong Way To a Demon Sect Leader//Myanmar Translation
RomanceAuthor: 一只大雁 (Yi Zhi Dayan) Status: 82 Chapters + 47 Extras မိစ္ဆာဂိုဏ်း၏ အင်အားမှာ တစ်နေ့တစ်ခြားများပြားလာပြီး အင်အားသက်ရောက်မှုသည်လည်း ပိုမိုကျယ်ပြန့်လာသည်။ ထို့ကြောင့် ကျင့်ကြံရေးလောကမှ အကြီးအကဲများသည် သိုင်းလောက၏ နံပါတ်တစ်_ဓါးသမား ကျောက်ကျန်းကွေ...