ကျိဟန်မျက်နှာမှာ ထိတ်လန့်စရာကောင်းအောင် အေးခဲနေတော့သည်။ သူက ကျောက်ကျန်းကွေ့အား စကားတစ်ခွန်းမှ မပြောပဲ အဝတ်အစားကို အလျင်အမြန်ဝတ်သည်။ ထို့နောက် တစ်ချက်မျှပင် လှည့်မကြည့်ပဲ အစည်းအဝေးခန်းမသို့ ထွက်ခွာသွား၏။
ကျောက်ကျန်းကွေ့မှာမူ လက်ရှိအခြေအနေအား နားမလည်ပဲ အတွေးများနေဆဲ...။
မနေ့ညက တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ??
ယွီရှန်းအာက သူ့ကို တစ်ခါပြောဖူးသည်။ မြူဆွယ်မှုအောင်မြင်သွားလျှင် နောက်တစ်နေ့၌ သူ့ခန္ဓာကိုယ် အောက်ဘက်တစ်နေရာမှာ နာကျင်နေမည်ဟု..။ ထို့အပြင် ခြေထောက်များသည်လည်း ပျော့ခွေကာ အားမရှိပဲဖြစ်နေပြီး တစ်ကိုယ်လုံး အဆင်မပြေဖြစ်နေလိမ့်မည်။ [Ch-3မှာ သူ့ကို သင်ပြဖို့ငှားတဲ့ ယောက်ျားအပျော်မယ်ပါ]
သို့သော် လက်ရှိတွင်မူ အနည်းငယ် မူးဝေပြီး မအီမသာဖြစ်နေသည်မှလွဲ၍ ဘာပြဿနာမှမရှိနေပေ။
အဲ့ဒါဆို.. ကျိဟန်များလား..?
မဟုတ်ဘူး.. ခုနက မြင်ရသလောက်တော့ သူလည်း ဘာမှမဖြစ်တဲ့ပုံပါပဲ..
ဒါဆို.. ဖြစ်နိုင်တာက လူတွေအရက်မူးရင် အဝတ်တွေချွတ်..၊ စောင်ခြုံပြီး.. သာမန်အတိုင်း အေးအေးချမ်းချမ်း အိပ်ပျော်သွားတတ်ကြတာလား?
ထိုအချိန်တွင် ရှောင်လင်းက တံခါးဝမှ ခေါင်းလေးထုတ်ကာ အထဲသို့ ချောင်းကြည့်လာ၏။ သူ့မျက်နှာမှာ အလွန်ရွှင်မြူးပြီး ပျော်ရွှင်နေပုံ ဖြစ်သည်။
ရှောင်လင်းက ကျိဟန်၏ ကိုယ်ပိုင်အစေခံဖြစ်ကြောင်း ကျောက်ကျန်းကွေ့ သတိရသွားသည်။ မနေ့ညက ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ရှောင်လင်းကတော့ သေချာပေါက်သိလိမ့်မည်။
ရှောင်လင်းက ကြမ်းပြင်မှ သူ့အဝတ်အစားများကို ကောက်ယူကာ ကမ်းပေးသည်။ ထို့နောက် နှုတ်ခမ်းကို နားရွက်တက်ချိတ်မတတ် ပြုံးပြလာပြီး_
" ကျောက်သူရဲကောင်း.. ဒီတစ်ခေါက်ကတော့ ကံကောင်းသွားတာပဲ.. မနေ့ညက အစ်ကိုရော၊ ဂိုဏ်းချုပ်ရော လူမှန်းမသိအောင် မူးသွားကြတာလေ.. အဲ့တော့ ကျွန်တော်လည်း နှစ်ယောက်လုံးကို အဝတ်တွေချွတ်ပြီး ဂိုဏ်းချုပ်အိပ်ရာပေါ် တင်ပေးလိုက်နိုင်တာပေါ့.. အခုဆို ဂိုဏ်းချုပ်က သူ ကျောက်သူရဲကောင်းကို တစ်ခုခုလုပ်လိုက်မိတယ်လို့ တွေးနေတော့မှာ.. ဂိုဏ်းတစ်ခုလုံးလည်း ဒီအကြောင်းကို အနှေးနဲ့ အမြန်သိသွားမှာပဲ.."
YOU ARE READING
The Wrong Way To a Demon Sect Leader//Myanmar Translation
RomantizmAuthor: 一只大雁 (Yi Zhi Dayan) Status: 82 Chapters + 47 Extras မိစ္ဆာဂိုဏ်း၏ အင်အားမှာ တစ်နေ့တစ်ခြားများပြားလာပြီး အင်အားသက်ရောက်မှုသည်လည်း ပိုမိုကျယ်ပြန့်လာသည်။ ထို့ကြောင့် ကျင့်ကြံရေးလောကမှ အကြီးအကဲများသည် သိုင်းလောက၏ နံပါတ်တစ်_ဓါးသမား ကျောက်ကျန်းကွေ...