-34-

754 145 5
                                    

ကျိဟန် အစည်းအဝေးမှ ပြန်လာချိန်တွင် နေဝင်သွားပြီဖြစ်သည်။ သူ့မျက်နှာမှာ တင်းမာနေပြီး စိတ်အခြေအနေမကောင်းသည်မှာ သိသာလှ၏။

ကျောက်ကျန်းကွေ့  ရုတ်တရက် တစ်စုံတစ်ရာကို နားလည်သွားသည်။

မိစ္ဆာဂိုဏ်းသည်လည်း အသက်ကြီးသည့် ခေါင်းဆောင်များကို လေးစားရသည့်ထုံးတမ်းရှိသည်။ အခြားကျင့်ကြံရေး ဂိုဏ်းတွေလောက်သာ မတင်းကျပ်ခြင်းဖြစ်၏။ ကျိဟန်မှာ အသက်အလွန်ငယ်နေသောကြောင့် ဂိုဏ်းရှိ အခြားအကြီးအကဲများ၏ ဆူပူခြင်းကို ခံရလောက်မည်။

မနက်ကကိစ္စကို ပြန်တွေးကြည့်လျှင် ဆူခံရရုံမကပဲ ဘေးလူများကလည်း ထေ့ငေ့ါလှောင်ပြောင်လိမ့်မည်။

ကျိဟန် အခန်းတွင်းသို့ ဝင်လာသည်နှင့် အစေခံအကြီးအကဲက ညစာပူပူနွေးနွေးနှင့် ပလုပ်ကျင်းရန် ရေတို့ကို အသင့်လာပို့သည်။ ကျိဟန်လည်း ပလုပ်ကျင်းကာ ခြေလက်ဆေးပြီးနောက် ညစာစားရန် စားပွဲတွင် ထိုင်၏။

ကျောက်ကျန်းကွေ့မှာ ရှောင်လင်း၏ အကူအညီဖြင့် ညစားစားပြီးသားဖြစ်သည်။ သို့သော် ကျိဟန်စားနေသည်ကို မြင်တော့ ဘုရားသခင်အား တိုင်တည်ဆုတောင်းပြီး ကျိဟန်ဘေး၌ ဝင်ထိုင်လိုက်ရမလားဟု တွေးနေ၏။

ကျိဟန်ကမူ ကျောက်ကျန်းကွေ့ သူ့အခန်းထဲက ထွက်မသွားသေးသည်ကို သတိထားမိသွားပြီး စိတ်ရှုပ်မှုကို ဖုံးကွယ်မရ။

သူက ကျောက်ကျန်းကွေ့နှင့်လည်း စကားမပြောချင်သောကြောင့် ဘေးနားရှိ အစေခံအကြီးအကဲကိုသာ မျက်စောင်းထိုးကာ အချက်ပြသည်။

အစေခံအကြီးအကဲက မိမိသခင်၏ အလိုကို တပ်အပ်သိသောကြောင့် ကျောက်ကျန်းကွေ့ထံသို့ လျှောက်သွားပြီး_"ကျောက်သူရဲကောင်းလေး.. ပြန်ဖို့ အချိန်ကျပါပြီ.."

ကျောက်ကျန်းကွေ့ စိတ်ထဲ၌ အနည်းငယ် ပျာယာခတ်သွားသော်လည်း စာအုပ်ထဲက ဇာတ်ညွှန်းအတိုင်း လုပ်ရန်သာ ဆုံးဖြတ်လိုက်သည်။

သူဘာမှမတုံ့ပြန်တော့ အစေခံအကြီးအကဲက ထပ်ပြောသည်။ "ကျောက်သူရဲကောင်း... ပြန်ရမယ့် အချိန်ရောက်ပါပြီ.."

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now