-36-

765 152 8
                                    

ကျောက်ကျန်းကွေ့မှာ တစ်ခဏမျှ အေးခဲသွားပြီး ဘာပြန်ပြောရမည်ကို မသိတော့။

နှစ်ယောက်လုံး စကားထပ်မဆိုတော့ပဲ ထမင်းသာ ဆက်စားနေကြသည်။ အတန်ကြာသော် ကျိဟန်က ပြောလာပြန်သည်။ "မင်း နေလို့ မကောင်းဘူးဆိုရင်.. သမားတော်ကိုခေါ်ပြီး စစ်ဆေးကြည့်မလား?"

ကျောက်ကျန်းကွေ့ စားနေသော ထမင်းတစ်လုတ်မှာ နင်သွားပြီး သေတော့မတတ်။

ကျိဟန်က ... ကယ်တင်လို့မရတော့အောင်ကို ရိုးသားလွန်းနေတယ်...!!

သမားတော်ပြရအောင် ငါကဖျားမနေဘူးလေ!! ah! ပြီးတော့ စစ်ဆေးလိုက်တာနဲ့ လိမ်ထားတာ တန်းပေါ်တော့မှာ!!

ကျောက်ကျန်းကွေ့က နင်သွားသောကြောင့် အကြာကြီး ချောင်းဆိုးနေပြီးနောက် ခဏကြာမှ ထမင်းကို မျိုချနိုင်သွားပြီး ခက်ခက်ခဲခဲပြောလာသည်။ "မလိုပါဘူး.."

ကျိဟန်က သူထမင်းနင်ပြီး ခံစားနေရသည်ကို ကြည့်ပြီး ကျောကိုပုတ်ပေးရန် လက်ကိုမြှောက်လိုက်၏။ သို့သော်လည်း ကျောက်ကျန်းကွေ့ နောက်ကျောပေါ်သို့ မရောက်ပဲ လေထဲ၌သာ အချိန်အတော်ကြာ ရပ်နေပြီး နောက်ဆုံး ပြန်သာချထားလိုက်သည်။

သူက အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် ထုတ်ပြောလာသည်။ "မစိုးရိမ်ပါနဲ့.. သမားတော်ယန်က ဂိုဏ်းထဲမှာဆို အတော်လေး ယုံကြည်ရပါတယ်.."

ကျောက်ကျန်းကွေ့  :  "တကယ် မလိုအပ်ဘူး.."

ကျိဟန် : "သမားတော်ကို ရှက်ပြီး ဝေဒနာခံစားနေစရာမှ မလိုတာ.."

ကျောက်ကျန်းကွေ့က ကမောက်ကမဖြင့် ပြောသည်။ "ငါ..ငါအဆင်..ပြေတယ်"

သမားတော်ရောက်လာမှ တကယ် အဆင်မပြေတော့မှာ!!

ကျိဟန်က အနည်းငယ် မျက်မှောင်ကျုံ့သွားပြီးနောက် အံ့သြသွားဟန်ဖြင့်_"မင်းပဲ ခုနကပြောတော့ ခြေထောက်တွေ အားနည်းပြီး နေရထိုင်ရ အဆင်မပြေဘူးဆို??"

ကျောက်ကျန်းကွေ့ : "ခုနက..အဲ့တာက..အဲ့တာက"

သူ ဒီလိမ်လည်မှုကြီးကို ဘယ်လိုပြန်ဖြည်ရမလဲ မသိတော့..။

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now