-19-

793 166 6
                                    

ကျိဟန်မှာ ပြောပြီးပြီးချင်း ရေခဲရိုက်မျက်နှာထားနှင့်ပင် အခန်းပြင်သို့ ထွက်သွား‌တော့သည်။

ကျောက်ကျန်းကွေ့တစ်ယောက်မှာမူ ပြောသွားသည်များကို လိုက်မမှီသဖြင့် ရှောင်လင်းဘက်သို့ လှည့်ကြည့်ကာ မေးရသည်။

"ဘာတွေဖြစ်သွားတာလဲ??"

ရှောင်လင်းက မျက်လုံးပြူးကာ ခပ်တိုးတိုးဖြင့်ပြောလာသည်။ "မီးစင်ကြည့်,က, ရတာပါ..ကျောက်သူရဲကောင်းလေး...ဒါက အရေးပေါ်planပါ.."

ကျောက်ကျန်းကွေ့ ပိုမိုပြီး စိတ်ရှုပ်ထွေးလာသည်။

ရှောင်လင်း  :  "ကျွန်တော် ဂိုဏ်းချုပ်ကို ပြောလိုက်တာ..ကျောက်သူရဲကောင်းက ဂိုဏ်းချုပ်ကြိုက်တဲ့ အစားအသောက်တွေကို မေးမြန်းနေတာပါ..လို့"

ကျောက်ကျန်းကွေ့  :  "သူကြိုက်တဲ့အစားအစာတွေလား..ဘာလို့လဲ?"

ရှောင်လင်း  :   "ဘာလို့လဲဆိုတော့...ဂိုဏ်းချုပ်ကို ကိုယ်တိုင်းဟင်းချက်ပေးချင်လို့..ဆိုပြီးပြောလိုက်တယ်.."

ကျောက်ကျန်းကွေ့   :   "......."

ရှောင်လင်း  :  "ကျွန်တော့်အမေက အရင်ကသင်ပေးဖူးတယ်..မင်း ယောကျ်ားတစ်ယောက်ကို ဆွဲဆောင်ချင်တယ်ဆိုရင်..ပထမဆုံး သူ့အစာအိမ်ကို ဆွဲဆောင်ရမယ်...တဲ့.."

ကျောက်ကျန်းကွေ့   : "......."

ရှောင်လင်းက အားတက်သရောဆက်ပြောသည်။ "ကျောက်သူရဲကောင်း..အစ်ကိုက သိုင်းလောကရဲ့ နံပါတ်တစ်သိုင်းသမားလေဗျာ.. ရိုးရှင်းတဲ့ ကြက်ဥခေါက်ဆွဲလေးတစ်ပွဲပဲကို..သေချာပေါက် ဘာအခက်အခဲမှ ရှိမှာမဟုတ်ပါဘူး.."

ကျောက်ကျန်းကွေ့    : "......."

ရှောင်လင်း  : "ကျောက်သူရဲကောင်း! ဟော့ရန်ဂိုဏ်းတစ်ခုလုံးရဲ့ ကံကြမ္မာက အကို့အပေါ်မှာ မူတည်နေတာနော်!!"

---------

အချိန်ခဏမျှကြာပြီးနောက် ကျောက်ကျန်းကွေ့က မေးလာသည်။
"ငါ တကယ်ကို နားမလည်တာ တစ်ခုရှိတယ်.."

ရှောင်လင်းက အလျင်အမြန်ပင်_" ပြောပါ...ကျောက်သူရဲကောင်းလေး.. ဘာပါလိမ့်?"

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now