ကျောက်ကျန်းကွေ့က ကျိဟန်ဘေး၌ ထိုင်လိုက်သည်။
ကျိဟန်ရှေ့တွင် နှစ်လုတ်သာစားရသေးသည့် ကြက်ဥခေါက်ဆွဲတစ်ပွဲက အငွေ့တစ်ထောင်းထောင်းဖြင့် တည်ရှိနေဆဲ။ ကျိဟန်မှာ အလွန်ဗိုက်ဆာနေပြီဖြစ်သည်။ သို့သော် ကျောက်ကျန်းကွေ့က ဘေးတွင် ထိုင်နေသောကြောင့် ဆက်စားဖို့ကို ရှက်သလို ဖြစ်နေ၏။
မြင်ကွင်းသည်ကား အလွန်ထူးဆန်းပြီး ကသိကအောက်ဖြစ်ဖွယ်..။
ကျောက်ကျန်းကွေ့က ကျိဟန်နှင့် ဓားရေးအကြောင်း ထပ်ပြန်ပြောချင်သော်လည်း၊ အစားစားနေချိန်၌ အခြားလူက ဓားအကြောင်း လာပြောနေသည်ကို ကျိဟန် မကြိုက်လောက်ဟု တွေးမိသည်။ နောက်ပြီး အကြောင်းအရာတစ်ခုတည်းကိုပဲ ပြောနေရတာ ပျင်းစရာကောင်းလှ၏။ ထို့ကြောင့် သူက ပါးစပ်ကိုပိတ်ထားကာ၊ ဘေးမှ တိတ်ဆိတ်စွာသာ ကြည့်နေသည်။
ခဏမျှကြာသော် ကျိဟန်က လက်ထဲမှ တူများကို အသာအယာချလိုက်လေသည်။
ကျိဟန် : "မင်း ဘာအကြောင်းပြောချင်တာလဲ?"ကျောက်ကျန်းကွေ့က ရိုးသားစွာဖြင့်_" ငါ မသိဘူး"
ကျိဟန်က တစ်ခဏမျှ စဥ်းစားလိုက်ပြီး_ "မင်းတို့ ဂိုဏ်းချုပ်ရဲ့ တပည့်အကြီးဆုံးကို မင်းတကယ်သတ်ပစ်လိုက်တာလား?"
ဘယ်ဟုတ်မလဲကွ!
ငါ မသတ်ခဲ့တဲ့အပြင် အခုဆို အဲ့ကောင်လေးက ဟော့ရန်ဂိုဏ်းရဲ့ လျှို့ဝှက်နေရာမှာ ပုန်းနေပြီး အိပ်လိုက်၊ စားလိုက်နဲ့ အဆင်ကိုပြေနေရော!!
သို့သော် ကျိဟန်ကိုမူ သတ်ခဲ့သည်ဟုသာ ပြောလိုက်နိုင်သည်။
ကျိဟန် : "သူက ဘာအမှားလုပ်မိလို့လဲ?"
ကျောက်ကျန်းကွေ့ : "သူဘာမှ အမှားမလုပ်ခဲ့ပါဘူး"
ကျိဟန် : "ဒါဆို မင်းသူ့ကို ဘာလို့သတ်လိုက်တာလဲ?"
သူ့အတွက်မှာ လူသတ်တိုင်း အကြောင်းပြချက်ပေးနေစရာမလိုပေ။ သူက မိစ္ဆာဂိုဏ်းချုပ်ဖြစ်သည်။ ကျောက်ကျန်းကွေ့အတွက်မူ အခြေအနေမှာ ကွဲပြားသွားပြီဖြစ်၏။။ သိုင်းလောကမှ သူရဲကောင်းတစ်ဦးအနေဖြင့် ဓားထုတ်ပြီး တိုက်ခိုက်ရသည်မှာ သေချာပေါက် အကြောင်းတစ်ခုခု ရှိမှသာ..။
YOU ARE READING
The Wrong Way To a Demon Sect Leader//Myanmar Translation
RomanceAuthor: 一只大雁 (Yi Zhi Dayan) Status: 82 Chapters + 47 Extras မိစ္ဆာဂိုဏ်း၏ အင်အားမှာ တစ်နေ့တစ်ခြားများပြားလာပြီး အင်အားသက်ရောက်မှုသည်လည်း ပိုမိုကျယ်ပြန့်လာသည်။ ထို့ကြောင့် ကျင့်ကြံရေးလောကမှ အကြီးအကဲများသည် သိုင်းလောက၏ နံပါတ်တစ်_ဓါးသမား ကျောက်ကျန်းကွေ...