-45-

958 151 2
                                    

ကျောက်ကျန်းကွေ့က ဘာဆက်လုပ်ရမည်ကိုမသိတော့ပေ။

ကံကောင်းထောက်မစွာဖြင့် သိပ်မကြာခင်တွင် ‌ရှောင်လင်းက သတိရလာသည်။

သူ့ခေါင်းပေါ်ရှိ အဖုကြီးမှာ မပျောက်ကင်းသေးပေ။ သို့သော် ကျောက်ကျန်းကွေ့ ပြောသမျှကို နားထောင်ပြီးနောက် ရှောင်လင်းမှာ အလွန်စိတ်လှုပ်ရှားလာသည်။ သူက ကျောက်ကျန်းကွေ့ လက်ကိုဆွဲ၍  ခြံဝန်းထဲ အခေါက်180လောက် ပတ်ပြေးချင်သည့်ပုံပေါ်နေ၏။

"အခွင့်အ‌ရေးကောင်းပဲ!! ကျောက်သူရဲကောင်း!!" ရှောင်လင်းက အသံကို တတ်နိုင်သမျှနှိမ့်ရင်း တက်ကြွစွာပြောသည်။ "ဒါက နှစ်ခါပြန်မရနိုင်တဲ့ ရွှေအခွင့်အရေးကြီးပဲ!!"

ကျောက်ကျန်းကွေ့က မေးသည်။ "ဒါဆို.. ငါဘယ်လိုမျိုးလုပ်သင့်တာလဲ?"

ဇာတ်ညွှန်းစာအုပ်ထဲတွင် နေမကောင်းသူအား ပြုစုရသည့်နည်းလမ်းများ မပါဝင်ချေ။ ထို့ကြောင့် သူ အားကိုးရာမဲ့သလို ခံစားနေရခြင်းဖြစ်သည်။

ရှောင်လင်း  :  "ဂိုဏ်းချုပ်က ကျောက်သူရဲကောင်းကို ကာကွယ်ဖို့ ဒဏ်ရာရသွားတာမလား?? ဒီတော့ အခုအချိန်မှာ အစ်ကိုက အရူးမီးဝိုင်းသလို စိုးရိမ်ပူပန်နေရမယ်.."

ကျောက်ကျန်းကွေ့  :  "......"

စိတ်ပူတာတော့ ပူတာပေါ့.. ဒါပေမဲ့ မင်းပြောသလောက်ကြီးတော့ မဟုတ်ဘူးလေ..!

ရှောင်လင်း  :  "ဂိုဏ်းချုပ်နိုးလာတဲ့အချိန်မှာ__ ကျောက်သူရဲကောင်းက နေ့မနား၊ ညမနား သူ့ကို ပြုစုစောင့်ရှောက်ရင်း နောက်ဆုံး ဒဏ်မခံနိုင်တော့ပဲ သူ့အိပ်ယာဘေးမှာ လဲကျအိပ်ပျော်သွားတယ် ဆိုတာကို မြင်လိုက်ရရင် _ သေချာပေါက် ဂိုဏ်းချုပ် နှလုံးသားက သကာရည်လောင်းထားသလို ချိုမြိန်နူးညံ့သွားမှာပဲဗျ !"

ကျောက်သူရဲကောင်း  :  "ဒါ.. ဒါက.."

*ရှောင်လင်းက ခိုင်မာစွာဖြင့်_ "ကျောက်သူရဲကောင်း!! ကျွန်တော့်ကို ယုံလိုက်စမ်းပါ!"

ကျောက်ကျန်းကွေ့လည်း သူ့ကို တစ်ခါလောက် ထပ်ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now