ကျောက်ကျန်းကွေ့က ရထားပေါ်သို့တက်ရန်ပြင်သည်။
ကျိဟန် : "ခဏနေဦး.."
ကျောက်ကျန်းကွေ့က သူ့ကို လှည့်ကြည့်၏။
ကျိဟန်က လှောင်ပြောင်သည့်ဟန်ဖြင့်_"ငါ ကောလဟလတွေထွက်လာမှာကြောက်တယ်လေ..ကျောက်သူရဲကောင်းလေးရဲ့ ကိုယ်ဖော့ပညာကလည်း ထိပ်တန်းပဲမလား..ဒီတော့ ရထားနောက်ကနေပဲ ပြေးလိုက်ခဲ့တော့.."
ကျောက်ကျန်းကွေ့ : "....."
ကျိဟန်က ရထားပေါ်ကို ကျော့ကျော့မော့မော့တက်သွားသည်ကို အံကြိတ်ရင်း ကြည့်နေရုံမှလွဲ သူ့တွင် ရွေးစရာမရှိ..ပေ။
..........
ကျောက်ကျန်းကွေ့အတွက်တော့ ရထားခေါင်မိုးပေါ်ကနေ ရှုခင်းတွေကြည့်ရင်း လိုက်ရတာ ပထမဆုံးအကြိမ်ဖြစ်သည်။
လှည်းရထားနောက်မှ ပြေးလိုက်ရသည်မှာ အလွန်ပင်ပန်းသည့်အလုပ်ပင်။ ပထမတစ်နာရီလောက်တော့ သူလည်း လိမ်လိမ်မာမာဖြင့် ပြေးလိုက်ခဲ့သေးသည်။ ထို့နောက်တွင်တော့ သူက ပေါ့ပါးစွာပင် လှည်းခေါင်မိုးပေါ်သို့တက်ကာ ဝတ်ရုံရှည်ကြီးကို မပြီး ထိုင်ချရင်းလိုက်ပါလာတော့သည်။ သူရဲကောင်းတစ်ယောက်ရဲ့ ဂုဏ်တွေ မျက်နှာတွေကိုလည်း ထိန်းမနေနိုင်တော့..။
ပိုပြီးခံရခက်သည်မှာ မိစ္ဆာဂိုဏ်းချုပ်က သူ့ကို တမင်ပညာပြနေသည်ပင်။
သူတို့လှည်းမှာ တစ်နေရာတည်းကိုပဲ သုံးပတ်လောက်ပတ်မောင်းပြီးနောက် ကျိဟန်မှာ စိတ်မကျေနပ်နိုင်သေးပဲ မြို့ထဲသို့ တစ်ခါပြန်ဝင်ကာ ပတ်မောင်းပြန်သည်။ ထို့နောက် မထွက်မှီက စားသောက်ဆိုင်ရှေ့၌ပင် တစ်ဖန်ပြန်ရပ်သွား၏။
ကျောက်ကျန်းကွေ့ : "......."
မြင်းသည်လည်း ဟောဟဲဆိုက်နေပြီး ရထားမောင်းသူမှာလည်း နေပူကျဲတဲတွင် ပတ်မောင်းနေရသောကြောင့် တစ်ကိုယ်လုံး ချွေးတစ်ဒီးဒီးကျနေလေပြီ။
ကျောက်ကျန်းကွေ့ ၏ ဝတ်ရုံများမှာလည်း မူလကဲ့သို့ ဖြူဆွတ်သန့်ရှင်းမနေတော့..။ စည်းနှောင်ထားသော ဆံပင်မှာလည်း ပွယောင်းကာ ဖရိုဖရဲဖြစ်နေတော့၏။
YOU ARE READING
The Wrong Way To a Demon Sect Leader//Myanmar Translation
RomanceAuthor: 一只大雁 (Yi Zhi Dayan) Status: 82 Chapters + 47 Extras မိစ္ဆာဂိုဏ်း၏ အင်အားမှာ တစ်နေ့တစ်ခြားများပြားလာပြီး အင်အားသက်ရောက်မှုသည်လည်း ပိုမိုကျယ်ပြန့်လာသည်။ ထို့ကြောင့် ကျင့်ကြံရေးလောကမှ အကြီးအကဲများသည် သိုင်းလောက၏ နံပါတ်တစ်_ဓါးသမား ကျောက်ကျန်းကွေ...