-27-

755 144 1
                                    

နှစ်20ခန့် သက်တမ်းရှိမည့် ဝိုင်ပုလင်းအနည်းငယ်မှာ စားပွဲပေါ်သို့ ရောက်ရှိလာ၏။

ကျောက်ကျန်းကွေ့မှာ ငြင်းဆန်ဖို့ ကြိုးစားနေဆဲ..။ "ငါမသောက်ဘူး.. ငါတကယ်မသောက်နိုင်ဘူး"

ကျိဟန်က ပြန်မေးလိုက်သည်။ "အရက်သောက်ပြီးရင် အမူးသမားလို လျှောက်လုပ်မိမှာစိုးလို့လား?"

ကျောက်ကျန်းကွေ့က စိုးရိမ်တကြီးဖြင့်_" ငါ အရက်သောက်ပြီးရင်... လူတွေသတ်မိတတ်လို့!!"

ကျိဟန်မှာ အနည်းငယ်ထိတ်လန့်သွားသော်လည်း ကျောက်ကျန်းကွေ့ ၏ လက်ရှိအမူအရာမှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းသည်ဟု သူထင်မိသည်။

"စိတ်မပူပါနဲ့.." ကျိဟန်က ပြောသည်။ "ငါ့ကို သတ်နိုင်ဖို့က မင်းထင်သလောက်မလွယ်ပါဘူး"

ကျောက်ကျန်းကွေ့  : "ဒါပေမဲ့....."

ကျိဟန်က ဝိုင်ပုလင်းအဖုံးကိုပင် ဖွင့်လိုက်ပြီဖြစ်သည်။ ဝိုင်မှ ချိုမြိန်သည့်ရနံ့မှာ အခန်းတွင်း လျင်မြန်စွာ ပျံ့လွင့်သွား၏။

ကျောက်ကျန်းကွေ့မှာ ဝိုင်ရနံ့ကို ရလိုက်ရုံနှင့်ပင် မူးဝေလာသလို ခံစားလိုက်ရသည်။

ကျိဟန်က ထပ်ပြောသည်။ "မစိုးရိမ်ပါနဲ့.. မင်းမသောက်နိုင်ရင်လည်း ငါမင်းကို လှောင်မှာမဟုတ်ပါဘူး"

ကျောက်ကျန်းကွေ့  :  "........"

ကျိဟန် : "မင်းတစ်ခွက်သောက်ရင်.. ငါသုံးခွက်သောက်မယ်"

ကျောက်ကျန်းကွေ့  :  ".........."

ဒီလိုမျိုး အတင်းအကြပ်သောက်ခိုင်းတော့ ကျောက်ကျန်းကွေ့ မျက်နှာတွင် စိတ်ပျက်လက်ပျက်အမူအရာ ပေါ်လာ‌၏။

ကျိဟန်မှာမူ သူ့ကိုယ်သူ အလွန်ဂုဏ်ယူနေပြီဖြစ်သည်။

ကျောက်ကျန်းကွေ့၏ အခက်အခဲဖြစ်နေသည့်ပုံကို ကြည့်ရင်း နှလုံးသားထဲတွင် ထူးဆန်းသည့် ပျော်ရွှင်ဖွယ်ခံစားချက်လေး ပေါ်ပေါက်လာသည်။ ထိုခံစားချက်မှာ သူ့ဓားရေးပညာ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာစဥ်က ရခဲ့သည့် ခံစားချက်ထက်ပင် အားကောင်းနေသေး၏။

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now