-39-

696 132 1
                                    

ဇီအချိန်(ည ၁၁မှ ၁နာရီကြား) သို့ ရောက်ခါနီးတွင် ကျိဟန်က စာကြည့်တိုက်မှ ပြန်လာသည်။

 ကျောက်ကျန်းကွေ့မှာ အခန်းထဲတွင် ထိုင်နေရင်း နေမထိထိုင်မသာ ဖြစ်နေပြီဖြစ်၏။

သူ့ဓားက သူ့အနားတွင်မရှိ..။ ဂိုဏ်းချုပ်အခန်းထဲသို့ ဘယ်သူမှ ဓားယူဆောင်ခွင့်မရှိသဖြင့် ရှောင်လင်းက မနေ့ညကတည်းက သူ့ဓားကို ကိုယ်ပေါ်မှဖြုတ်ကာ သူ့အခန်းထဲ ထည့်ထားလိုက်သည်။

ယခု ရှောင်လင်းက သူ့ဓားကို သွားယူနေသော်လည်း ဘာကြောင့် အခုထိ ပြန်ရောက်မလာသေးကြောင်း သူမသိပေ။

ကျိဟန်က အခန်းထဲသို့ ဝင်လာပြီး သူ့ကိုမြင်တော့ အံ့သြသွားသည်။

ကျိဟန်  :   "မင်း ဘာလို့မပြန်သေးတာလဲ?"

ကျိဟန် ထိုသို့မေးပြီးပြီးချင်း နောင်တရမိသွားသည်။ ကျောက်ကျန်းကွေ့က ထူးထူးဆန်းဆန်း စကားလုံးများဖြင့် ပြန်ဖြေဦးမည်မှာ အသေအချာ။

ငါ မနေ့ညက ဘာလို့ အရက်သောက်လိုက်မိတာလဲ!!!

ကျောက်ကျန်းကွေ့  :   "ငါက ဘာလို့ပြန်ရမှာလဲ?"

ကျိဟန်က သူနဲ့ စကားမပြောချင်သဖြင့် တံခါးကိုဖွင့်ကာ အပြင်ဘက်ရှိ အစေခံအကြီးအကဲအား ခေါ်လိုက်၏။

ကျိဟန်  :  "မင်းသူ့ကို ပြန်ပို့ပေးလိုက်.... ငါအနားယူတော့မယ်"

ကျောက်ကျန်းကွေ့  :  "ငါမပြန်ဘူး"

ကျောက်ကျန်းကွေ့မှာ ခေါင်းထဲတွင် ရှုပ်ထွေးနေပြီး ရှောင်လင်း အကြံပေးခဲ့သည့် အချက်ကို ပြန်တွေးနေသည်။ အကယ်၍ ကျိဟန်က သူ့ကို အတင်းပြန်လွှတ်ပါက ချက်ချင်း ကျိဟန်ဘေးသို့ ခုန်လိုက်ပြီး ကျိဟန်ခါးကို ဖက်တွယ်ထားရမည်။

သို့မှသာ ကျိဟန်က သူ့အခန်းဆီ ပြန်မလွှတ်နိုင်တော့မည် ဖြစ်၏။

ကျိဟန်က သူ့အား မျက်မှောင်ကျုံ့ကာ ကြည့်နေသည်။

ကျောက်ကျန်းကွေ့ကမူ ကျိဟန်ခါးကို ဆွဲဖက်ထားဖို့အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်နေဆဲ..။

ထိုစဥ် အပြင်ဘက်မှ အော်ဟစ်သံတစ်ခုကို ကြားလိုက်ရသည်။

ကျောက်ကျန်းကွေ့သည်လည်း သတိအနေအထားဖြင့် ချက်ချင်း မတ်တပ်ထရပ်လိုက်၏။

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now