-30-

784 144 0
                                    

​ကျိဟန်တစ်​ယောက် စိတ်ထိန်းကာ ​အသံကိုနှိမ့်ပြီး မေးလာသည်။ "မင်း ဘာလို့ဒီ​​နေရာမှာ ​ရောက်​နေတာလဲ???'

​ကျောက်ကျန်း​ကွေ့၏ ဦး​နှောက်မှာ ​ကောင်းစွာ အလုပ်မလုပ်​သေး..။ "ဘယ်​နေရာလဲ?"

ကျိဟန်မှာ ​ဒေါသ​ကြောင့် မူး​မေ့လဲမတတ်..။ "ဒါ ငါ့အခန်း​လေ!!"

​ကျောက်ကျန်း​ကွေ့ : "....."

ဟုတ်သားပဲ..! Ah!! ငါဘာလို့ မိစ္ဆာဂိုဏ်းချုပ်အခန်းထဲ​ ရောက်​နေတာပါလိမ့်!!

မ​နေ့ညက နှစ်​ယောက်လုံး စားပွဲ​ပေါ်​မှာ မှောက်သွားတာ​လေ အဲ့​နောက် ဘာ​တွေဖြစ်သွားတာလဲ??

အခန်းအပြင်ဘက်မှ ဆူညံသံများ ထပ်မံကြားလိုက်ရသည်။

​ရှောင်လင်း  : "ဝမ်အကြီးအကဲနဲ့ ဟွားလက်ရုံး.. ဘယ်လိုလုပ်ပြီး ဒီကို​ရောက်လာတာလဲ?? "

[ဒီက လက်ရုံးဆိုတာ ဂိုဏ်းချုပ်ရဲ့ ဘယ်လက်ရုံး၊ ညာလက်ရုံးကို ပြောတာပါ၊ မျိုးရိုးနာမည်က ဟွား၊ ဒါပေမဲ့ ဘယ်လက်ရုံးလား၊ ညာလက်ရုံးလား မဖော်ပြထားသေးပါဘူး]

မိန်းက​လေးတစ်​ယောက်၏ သိမ်​မွေ့ညင်သာသည့် အသံ​လေးက ထွက်​ပေါ်လာသည်။ " ဂိုဏ်းချုပ်က ဒီ​နေ့မှ အိပ်ယာထ​ နောက်ကျ​​နေ​တော့.. ကျွန်မတို့ စိတ်ပူလာလို့ပါ.."

ရှောင်လင်း  :  "ဟွားလက်ရုံး..ဘာမှ စိတ်ပူစရာမရှိပါဘူး.. ဂိုဏ်းချုပ်က အဝတ်အစားလဲနေလောက်ပါပြီ.."

ကျိဟန်က စိတ်ရှုပ်နေသည့် အမူအရာဖြင့် အိပ်ယာပေါ်မှ ထရန်ပြင်လိုက်သည်။ သူ့ကိုယ်ပေါ်မှ ပိုးသားစောင်မှာ လျောကျသွားပြီး ဗလာကျင်းနေသည့် အပေါ်ပိုင်းကြွက်သားများကို လှစ်ဟပြသလေ၏။

ကျိဟန်  :  "......."

ကျောက်ကျန်းကွေ့  :  "........"

.........ငါ မြူဆွယ်တာ အောင်မြင်သွားပြီလား???

......................

လူကြီးတစ်ယောက်၏ ဒေါသထွက်နေသည့် အသံက အပြင်ဘက်မှ လွင့်ပျံလာသည်။ "သူ ဂိုဏ်းချုပ်ရာထူးရတာ ရက်ပိုင်းပဲရှိသေးတယ်!! ဒီလို အပျင်းထူနေပြီပေါ့?? တံခါးကို ဖွင့်လိုက်စမ်း!! ဒီလူအိုကြီးက သူ့ကို ဂိုဏ်းချုပ်ဟောင်းကိုယ်စား သင်ခန်းစာ ကောင်းကောင်းပေးရမယ်!!"

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now