-64+65-

247 37 1
                                    

နောက်ဆုံးမှာတော့ ကျိဟန်တစ်ယောက် ‌အခန်းထဲသို့ လိုက်ပြီး ဝေ့ချွီနှင့် လုပ်ကြံသူတွေအကြောင်း ဆွေးနွေးဖို့ သဘောတူလိုက်ရတော့သည်။

သူတို့နှစ်ယောက် အတူတူ အခန်းထဲသို့ ဝင်သွားချိန်တွင် ဝေ့ချွီမှာ ယွီရှန်းအာနှင့် ပူးကပ်စွာ ထိုင်နေပြီး တီတိုးစကားပြောနေကြသည်။ ယွီရှန်းအာသည်လည်း အလွန်ပျော်ရွှင်နေပုံရပြီး တစ်ခစ်ခစ်ရယ်မောနေ၏။

သူတို့နှစ်ယောက် ဝင်လာတာကို မြင်တော့ ယွီရှန်းအာက သူတို့ကိုပါ ပြုံးပြလာပြီး အခန်းထဲမှ ထွက်ခွာသွားသည်။ သူတို့ကောင်းကောင်းဆွေးနွေးလို့ ရ‌အောင် ရှောင်ပေးခြင်ပင်..။

ဝေ့ချွီက ယွီရှန်းအာ ထွက်သွားသည်အထိ ချစ်မြတ်နိုးစွာ လိုက်ကြည့်နေသည်။ သူအခန်းပြင် ရောက်သွားပြီဆိုမှ အကြည့်များကို ရုတ်သိမ်းလိုက်၏။

ကျိ‌ဟန်ကတော့  အေးတိအေးစက်မျက်နှာနှင့်ပင်။

ဝေ့ချွီကပဲ စကားစပြောလိုက်သည်။ "ကျွန်တော် လုပ်ကြံသူတွေကို စစ်မေးခဲ့ပေမယ့် အသုံးဝင်တဲ့ အချက်အလက်တွေ ‌မရခဲ့ပါဘူး.."

ကျိဟန် : "သူတို့ ရည်ရွယ်ချက်က အဲ့လောက် ရှုပ်ထွေးနေတာလား?"

"သူတို့ ရည်ရွယ်ချက်က ရှုပ်‌ထွေးနေလို့ မဟုတ်ပါဘူး" ဝေ့ချွီက သက်ပြင်းတစ်ချက်ချလိုက်ရင်း _ "ဟန်ယ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်က သူတို့ကို လုပ်ကြံရမဲ့သူတွေရဲ့ နာမည်ပဲ ပေးတာ.. သူတို့က လူသတ်ဖို့ပဲ တာဝန်ရှိတဲ့သူတွေမို့ ဟန်ယအဖွဲ့အစည်းကို ဘယ်သူက ခဲ့တယ်ဆိုတာ သူတို့မသိဘူး..."

ကျောက်ကျန်းကွေ့  :  "ဟန်ယအဖွဲ့အစည်းရဲ့ ခေါင်းဆောင်က ဘယ်သူလဲ?"

ဝေ့ချွီက ခေါင်းယမ်းလိုက်သည်။ "သူရဲ့ သရုပ်မှန်ကို ‌သိုင်းလောကထဲ တစ်ခါမှ ချမပြဖူးဘူး.. ဒီတော့ ကျွန်တော်တို့ ဘယ်သူလဲဆိုတာ မသိနိုင်ဘူး"

ကျိဟန် :  "ဆက်လိုက်ရမဲ့လမ်းမရှိဘူးပဲ"

ဝေ့ချွီက ခေါင်းငြိမ့်လိုက်ရင်း_ "တကယ့်ဆက်သွားဖို့ လမ်းကိုမရှိဘူး"

ကျိဟန်သည်လည်း ယခုလိုအခြေအနေကို ကြိုခန့်မှန်းထားမိပုံရသည်။ ထင်ထားသလောက် ဒေါသထွက်မသွားပေ။ သူက ခေါင်းတစ်ချက်သာငြိမ့်ပြီး_ "မင်းနဲ့ ဟွားလက်ရုံးနဲ့ ပင်ပန်းသွားရပြီ"

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now