-57-

700 122 4
                                    

သမားတော်ယန်က မီးဖိုချောင်ထဲ၌ ဆေးကျိုချက်နေသည်။

သူက ဆေးကုသချိန်မှာ လူရှိနေတာ မကြိုက်သလို၊ ဆေးချက်နေစဥ်မှာလဲ ဘေးမှာ လူရှိတာကို မကြိုက်သည့်ပုံပေ။ သူက မနက်စောစော တစ်ယောက်တည်း မီးထမွှေးပြီး ယပ်တောင် တစ်ဖျတ်ဖျတ်ခတ်ကာ ဆေးကျိုနေသည်။ ခြေသံကြားတော့ ကျောက်ကျန်းကွေ့အား တစ်ချက်မော့ကြည့်ပြီးနောက် နှုတ်ဆက်ချင်ဟန်မတူပဲ ဆေးကိုသာ အာရုံပြန်စိုက်၏။

ကျောက်ကျန်းကွေ့  :  "ငါ ဆေးလာယူတာ.."

သမားတော်ယန်  :  "ဆေးက အဆင်သင့်မဖြစ်သေးဘူး.."

ကျောက်ကျန်းကွေ့ :  "ဘယ်လောက်ကြာဦးမှာလဲ? "

သမားတော်ယန်  :  "ခနပဲ ရတော့မှာ"

ကျောက်ကျန်းကွေ့လည်း ရွေးချယ်စရာမရှိပဲ ဘေးမှရပ်ပြီး စောင့်နေရသည်။

သူ့စိတ်ထဲ၌မူ ရှောင်လင်းအား သူကြားခဲ့သည်များကို ချက်ချင်းပြေးပြီး ပြောပြချင်နေသည်။ သို့မှသာ ရှောင်လင်းက ဟော့ရန်မဟာမိတ်များထံ အကြောင်းကြားစာပို့နိုင်မည်ပင်။  ဒါဆို မိစ္ဆာဂိုဏ်း၏ ထောင်ချောက်ဆင်မည့် အကြံမှာ မအောင်မြင်နိုင်တော့။

သို့သော် ဆေးမှာ အခုထိ ကျိုချက်မပြီးသေး။

ကျောက်ကျန်းကွေ့မှာ စိတ်မငြိမ်မသက်ဖြစ်ပြီး တစ်ယောက်ယောက်နှင့် စကားပြောချင်နေ၏။ သမားတော်ယန်က ယောင်ရှန်းတောင်ကြားက လာကြောင်း ကျိဟန်ပြောဖူးသည်။ တတိယ ဆရာတူညီမလေး၏ ခင်ပွန်းက ဤသမားတော်ယန်နှင့် ဆရာတူညီအကို ဖြစ်နိုင်သည်။ 

ကျောက်ကျန်းကွေ့ :  "သမားတော်ယန်... ခင်ဗျားက ယောင်ရှန်းတောင်ကြားကလူဆို..?"

သမားတော်ယန်က သူ့အား တစ်ချက်စောင်းကြည့်ရုံမှလွဲ အဖက်ပင်မလုပ်။

ကျောက်ကျန်းကွေ့   :  "ခင်ဗျားရဲ့ ဆရာက ဘယ်သူလဲ? သိလို့ရမလား?"

သမားတော်ယန်က ဆေးကို ပန်းကန်လုံးထဲသို့ ပြောင်းထည့်နေသည်။

ကျောက်ကျန်းကွေ့   :  "မင်း ယောင်ရှန်းတောင်ကြားက အတော်ဆုံး ဆေးဆရာ မော့ချင်းဖန်းကို သိလား?"

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now