သမားတော်ယန်က အစေခံအကြီးအကဲအား ညွှန်ကြားစရာရှိသည်များ ညွှန်ကြားပြီးနောက် ပြန်ထွက်သွား၏။ ကျိဟန်၏ အခြေအနေမှာ အထူးတလည် စိုးရိမ်စရာမရှိတော့ပေ။ သို့သော်လည်း ရက်အနည်းငယ်လောက်တော့ အိပ်ယာပေါ်မှာပဲ နေလို့ရမည်။ သူ၏ ကျင့်ကြံချင်းများထိ အလုံးစုံပြန်ကောင်းဖို့ကတော့ လအနည်းငယ်လောက် အချိန်ယူရပေလိမ့်မည်။
ကျောက်ကျန်းကွေကတော့ အခုထိ စိတ်ရှုပ်နေတုန်းပင်။ သူ့ခေါင်းထဲမှ ကျိဟန်ကို လက်ဝါးတစ်ချက်တည်းဖြင့် သွေးအများကြီးအန်အောင် လုပ်လိုက်မိသည် ဆိုသောအတွေးအား ထုတ်လို့မရပေ။
သူက ကုတင်နှင့် အဝေးဆုံးထောင့်ရှိခုံ၌ အသာထိုင်၍ အစေခံအကြီးအကဲမှ ကျိဟန်အား ဆန်ပြုတ်တိုက်နေသည်ကို ငေးကြည့်နေသည်။ တိုက်ရမည့်ဆေးမှာမူ အဆင့်သင့်မဖြစ်သေးသောကြောင့် ကျိဟန်အား အိပ်ယာပေါ် ပြန်လှဲသိပ်ရမည်ဖြစ်သည်။
သို့သော် ကျိဟန်က အိပ်ချင်ဟန်မတူ။ သူက အစေခံအကြီးအကဲအား စကားတစ်ချို့ တီတိုးပြောလိုက်၏။ အစေခံအကြီးအကဲက ဝမ်းမြောက်နေသော မျက်နှာထားဖြင့် ကျောက်ကျန်းကွေ့ဘက်သို့ လျှောက်လာပြီး_ "ကျောက်သခင်လေး ဂိုဏ်းချုပ်က သူနဲ့စကားလာပြောဖို့ အမိန့်ပေးလိုက်ပါတယ်"
ကျောက်ကျန်းကွေ့မှာ သူနားကြားမှားသည်ဟုပင် ထင်လိုက်မိသည်။
အစေခံအကြီးအကဲက အပြုံးလေးဖြင့် ထပ်မံပြောလာ၏။ "ကျောက်သခင်လေး.. ဂိုဏ်းချုပ်က မင်းဆီကို ထလာလို့မရဘူးလေ.."
ထိုအခါ ကျောက်ကျန်းကွေ့လည်း ကျိဟန်ရှိရာ လျှောက်သွားရတော့သည်။
ကျိဟန်၏ မျက်နှာအရောင်မှာ အနည်းငယ် ပန်းရောင်ပြန်လွှမ်းလာပြီ ဖြစ်သော်လည်း နှုတ်ခမ်းမှာမူ ဖြူဖျော့နေတုန်းပင်။ အသက်ရှုသံသည်လည်း တိုးညှင်းလျက်။ အသံမှာလည်း အားအင်မရှိ တိုးဖျော့လျက်။
ကျောက်ကျန်းကွေ့မှာ ပို၍ပင် စိတ်မသက်မသာဖြစ်လာရ၏။
သူသာ နေမကောင်းချင်ယောင်မဆောင်ခဲ့ဘူးဆိုရင် ကျိဟန်က ဒီလောက်ထိ ဒဏ်ရာရသွားမှာမဟုတ်။ သူသာ ကျိဟန်ကို ဆက်ပြီးမပြုစုခဲ့ရင် သွေးအန်လာမှာမဟုတ်။ သူအရာအားလုံးကို ရှုပ်ထွေးသွားအောင်လုပ်မိခဲ့သည်။
YOU ARE READING
The Wrong Way To a Demon Sect Leader//Myanmar Translation
RomanceAuthor: 一只大雁 (Yi Zhi Dayan) Status: 82 Chapters + 47 Extras မိစ္ဆာဂိုဏ်း၏ အင်အားမှာ တစ်နေ့တစ်ခြားများပြားလာပြီး အင်အားသက်ရောက်မှုသည်လည်း ပိုမိုကျယ်ပြန့်လာသည်။ ထို့ကြောင့် ကျင့်ကြံရေးလောကမှ အကြီးအကဲများသည် သိုင်းလောက၏ နံပါတ်တစ်_ဓါးသမား ကျောက်ကျန်းကွေ...