-9-

1K 207 6
                                    

လူတွေဆီကနေ တာဝန်တစ်ခုကို ယုံကြည်စွာပေးအပ်ခံရတယ်ဆိုရင်.. သေချာပေါက် ပြီးမြောက်အောင်လုပ်သင့်တာပေါ့!

ဒီလိုလုပ်ရတာ အရမ်းကြီးအရှက်မဲ့နေတာလည်းမဟုတ်ပါဘူး..သူတော်စင်ဂိုဏ်းတွေအတွက်နဲ့ လောကကြီးသွေးချောင်းမစီးဖို့ဆိုရင် တစ်ခါလောက် အရှက်ကွဲခံရရင်လည်း တန်ပါတယ်လေ..

ကျောက်ကျန်းကွေ့က သက်ပြင်းရှိုက်လိုက်ပြီး ခြေထောက်ကို မကာ တစ်လှမ်းချင်း လှမ်းလိုက်သည်။

ကျိဟန်မှာ သိသိသာသာပင် အံ့သြသွားရတော့သည်။

ကျောက်ကျန်းကွေ့ : " ငါ့ရဲ့ သိုင်းပညာကျင့်တဲ့သက်တမ်းက သူ့လောက်တော့ မကြာသေးပေမဲ့..ငါ့အတွင်းအားကတော့ သူ့အောက် မ‌ရောက်နိုင်ဘူး.."

ကျိဟန် တွေဝေသွားသည်။ "မင်း ဘာတွေလုပ်မလို့လဲ?"

ကျောက်ကျန်းကွေ့  : "တကယ်လို့ သူငါ့အကြောင်းအော်ရင်..ငါလည်း နောက်ကနေလိုက်ပြီး သူ့ထက်နှစ်ဆပိုအော်မယ်.."

ကျိဟန် : "ဘာအကြောင်းကို အော်မှာ..?"

ကျောက်ကျန်းကွေ့  : "ငါမင်းကို ကြိုက်တဲ့အကြောင်းတွေ ချစ်တဲ့အ​ကြောင်း​တွေကိုပေါ့.."

ကျိဟန် : "........"

ရထား​မောင်းသမားမှာ မြင်းကိုသာ ရတနာတစ်ပါးလိုကြည့်​​​နေရင်း နားများကို လက်နှစ်ဖက်ဖြင့် ကာထား​လေသည်။ သူဘာကိုမှ မကြားလိုက်ပါဘူးဆိုသည့်ဟန်ဖြင့်..။

ကျိဟန်က ​ဒေါသတကြီးဖြင့် ​ပြောသည်။ "မင်း လုပ်ရဲလား!!"

​ကျောက်ကျန်း​ကွေ့  : " မင်းစမ်းကြည့်လို့ရတယ်.."

ကျိဟန် : "......."

​ကျောက်ကျန်း​ကွေ့ : "သိုင်း​လောကထဲမှာ ​ကောလဟလ​တွေက တစ်ခဏအတွင်း ​တောမီးလိုပြန့်တာ​​နော်.."

ကျိဟန် : "......."

​ကျောက်ကျန်း​ကွေ့  : "ပိုဆိုးတာက ​ကောလဟလထဲကို အပိုဆာဒါး​လေး​တွေ ထည့်ဖို့ ​စောင့်​နေတဲ့ ဝါသနာရှင်​တွေကလည်း တစ်ပုံကြီး​..."

ကျိဟန် : "......."

​ကျောက်ကျန်း​ကွေ့ : "တကယ်​တော့ ပါ့ရှန်းသူရဲ​ကောင်းနဲ့ ​မော့​ပေ အမြွှာသူရဲ​ကောင်းတို့ကြားမှာ ဘာဆက်ဆံ​​ရေးမှမရှိဘူး..သူတို့က အရက်​လေးပဲ အတူသောက်လိုက်မိတာ..ဒါ​ပေမဲ့ အမြွှာသူရဲ​ကောင်း​တွေက အရက်ခံနိုင်ရည်မရှိ​တော့ ပါ့ရှန်းသူရဲ​ကောင်းရဲ့ အိမ်မှာ တစ်ရက်အိပ်လိုက်ရတယ်.."

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now