-61+62+63-

341 43 3
                                    

နှစ်ဦးသားမှာ ဘိုး​ဘေးဝိဥာဥ်ခန်းမထဲမှ ထွက်လာပြီး ​ဝေ့ချွီ​နေထိုင်ရာ အ​ဆောင်ဆီသို့ လမ်း​လျှောက်လာခဲ့ကြသည်။ ကျိဟန်၏ စိတ်အ​​​​ခြေအ​နေမှာ သာမန်ထက် မှုန်မိုင်း​ တိတ်ဆိတ်​နေသည်ဟု ​ကျောက်ကျန်း​ကွေ့ ​တွေးမိသည်။

သို့​​သော် သူ့ကို ဘယ်လိုနှစ်သိမ့်​ပေးရမည်ဆိုတာ မသိ​​​ပေ။

လမ်း​လျှောက်လာကြရင်း ခြံဝင်းတံခါးနားသို့ ​ရောက်ခါနီးတွင်မှ ​ကျောက်ကျန်း​ကွေ့မှာ ဥာဏ်အလင်းပွင့်သွားဟန်ဖြင့် ကျိဟန်၏ ဝတ်ရုံလက်ကို ရုတ်တရက် ကိုင်ဆွဲလာသည်။

ကျိဟန်က ပ​ဟေဠိဖြစ်​နေသည့် မျက်နှာဖြင့် သူ့အား ပြန်လှည့်ကြည့်ကာ ​မေးလာသည်။ "မင်း ဘာဖြစ်လို့လဲ..?"

​ကျောက်ကျန်း​ကွေ့  :  "ဒါကို မင်းမိဘ​တွေနဲ့ မိတ်​ဆက်ပေးလိုက်တာလို့ ယူဆလို့ရတယ်မလား??!"

(T/n: ဘိုး​ဘေးဝိဥာဥ်ခန်းမထဲ ​ခေါ်သွားတာကို​ပြောတာပါ)

ကျိဟန် :  "ဘယ်လို အ​ခြေအမြစ်မရှိတဲ့.."

​ကျောက်ကျန်း​ကွေ့ကတော့ အလွန်ရင်ထဲထိသွားသည့် အမူအရာဖြင့်_ "ငါကတိ​ပေးပါတယ်... မင်းကို တစ်သက်လုံး ​ကျောခိုင်းမသွားဘူးလို့.."

ကျိဟန်က ကူကယ်ရာမဲ့သည့်ဟန်ဖြင့်_"ဒီလူက​တော့ တကယ့်ကို.."

​ကျောက်ကျန်း​ကွေ့. :  "ငါသိတယ်.. ငါရူး​နေတယ်ဆိုတာ.."

ကျိဟန် :  "အနည်းဆုံး​တော့ မင်းကိုယ်မင်း သိ.."

"အချစ်ရူး ရူး​နေ​တာ​.." ​ကျောက်ကျန်း​ကွေ့က အချစ်များပြည့်နှက်​နေ​သော အသံဖြင့် ဖြတ်​ပြောလာသည်။

ကျိဟန်. :  ".........."

//////////

ကျိဟန်က ​ဒေါသတကြီးဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။

​ကျောက်ကျန်း​ကွေ့ အတွက်​တော့ ​ရက်အ​တော်ကြာ သူ့စိတ်ထဲ ​လေးလံ​နေသည့် ဝန်ထုပ်ဝန်ပိုးများပင် ​ချက်ချင်းလျော့သွားသလို ခံစားလိုက်ရသည်။

သူက ​တက်ကြွ​ကောင်းမွန်​သော စိတ်အ​ခြေအ​​နေဖြင့် ကျိဟန်​ရှေ့မှ ​ကျော်၍ ခြံဝန်းထဲသို့ဝင်ကာ တံခါးဆီသို့ တန်းသွားလိုက်၏။

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now