-7-

1.1K 220 1
                                    

ကျိဟန်၏ မြင်းရထားလှည်းက မည်မျှမြန်ပါ​စေ..သိုင်း​​လောကရဲ့ နံပါတ်တစ်ဓါးသမား၏ ကိုယ်​ဖော့ပညာ​နှင့် ယှဥ်လျှင်တော့ ပိုပြီးမမြန်​နိုင်​ပေ။

​ကျောက်ကျန်း​ကွေ့က ရထား​နောက်မှ ​အမှီပြေးလိုက်ဖို့ရန်အတွက် သိပ်ပင်ကြိုးစားအားထုတ်ဖို့ မလို​လိုက်ပေ။

တစ်ခါတုန်းက လူတစ်​ယောက်သည် ​ကျောက်ကျန်း​ကွေ့၏ ကိုယ်​ဖော့ပညာစွမ်းရည်ကို သိုင်း​လောကရဲ့ ထိပ်ဆုံးဆယ်​ယောက်ထဲမှာ ထည့်ဖို့ သင့်​တော်မ​တော် ​ဆွေး​နွေးဖူး၏။ ထို​ဆွေး​နွေးမှု ​ပေါ်လာရသည်မှာ သူ့ကိုယ်​ဖော့ပညာအရည်အချင်းက ဓါးစွမ်းရည်ကဲ့သို့ ထိပ်တန်းမဖြစ်​နေ​သော​ကြောင့် မဟုတ်​ပေ..။ အမှန်တွင်မူ သူ့လို ထိပ်တန်းဓါးသမားအများစုအတွက် ကိုယ်​ဖော့ပညာကို မကြာခဏအစွမ်းပြရန်မှာ အခွင့်အလမ်းသိပ်မရှိ​သောကြောင့် သူ့ကိုယ်​ဖော့စွမ်းရည်အား သံသယဝင်ကြခြင်းဖြစ်သည်။

ထို့​ကြောင့် ယခုကဲ့သို့ ​ကျောက်​ကျန်း​ကွေ့က ​လေ​ပေါ်မှ ခုန်ပျံရင်း မြင်းလှည်းတစ်စီးအား ​ပြေးလိုက်​နေပုံကို မျက်မြင်ဒိဌ မြင်ဖူးသည့်လူမှာ မရှိသ​လောက်ပင်..။

သူ့ဝတ်ရုံရှည်ကြီးမှာမူ နှင်းကဲ့သို့ ဖြူ​ဖွေး​နေလျက်ရှိ​သေးသည်။ စည်း​နှောင်ထား​သော ဆံနွယ်ရှည်များကလည်း သပ်ရပ်စွာရှိ​နေ​သေးသည်။ သို့​သော် သူ့မျက်နှာ​သွေး​ရောင်မှာမူ သိပ်အ​ခြေအ​နေ​ကောင်းမ​နေ​​ချေ..။ မြင်းလှည်းတစ်စီး​နောက်ကို မိုင်တစ်ရာ​လောက် ​ပြေးလိုက်လာရမည်ဆိုပါက ဘယ်သူမဆို မျက်နှာအ​ခြေအ​နေ ကောင်းမွန်မ​နေနိုင်​ပေ။

ပိုပြီးဆိုးသည်က ​သူ ဒ​ရော​သောပါး ပြေးလိုက်​နေသည့်အချိန်တွင် မိစ္ဆာဂိုဏ်းချုပ်မှာမူ မြင်းရထားထဲတွင် အငြိမ့်သားထိုင်လျက်ဖြင့် ဝိုင်နှင့်အသားများကို စား​နေနိုင်သေးသည်။

သူ​နောက်မှ ​ပြေးလိုက်​နေရင်း ဝိုင်ရနံ့များကိုပင် ရ​နေ၏။

သူတို့က လက်ရှိတွင် မြို့​ငယ်​လေးတစ်မြို့ထဲသို့ ​ရောက်​နေကြသည်။ မြင်းရထားက မြို့၏ အ​ကောင်းဆုံးစား​သောက်ဆိုင်တစ်ခု​ ရှေ့တွင် ရပ်သွားပြီး ကျိဟန်က ဆင်းလာပြီး ဝင်သွားသည်။

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now