-24-

741 143 0
                                    

အမှန်က ကျောက်ကျန်းကွေ့ တံခါးဝမရောက်ခင်တွင် ကျိဟန်သည် လူတစ်ယောက် မီးဖိုချောင်သို့ လာနေ‌ကြောင်း သတိထားမိသည်။

ကျိဟန်တွေးသည်မှာ သူသည် ဂိုဏ်းချုပ်ဖြစ်သောကြောင့် ဘယ်သူ့ကိုမှ ရှောင်ပုန်းနေစရာမလိုဟု ယူဆကာ ဆက်လက်စားနေခြင်းပင်။

သို့သော် ရောက်လာသူမှာ ကျောက်ကျန်းကွေ့ ဖြစ်နေမည်ဟု မျှော်လင့်မထားရုံသာ..။ နှစ်ယောက်လုံး အနည်းငယ် မျက်နှာပူကာ ရှက်ရွံ့သွားကြသည်။

ကျိဟန်မျက်နှာကမူ အေးစက်နေဆဲဖြစ်ပြီး လက်ထဲတွင် ခေါက်ဆွဲများကို ညှပ်ထားကာ လေထဲ၌တန့်နေသည့် တူတစ်စုံကို ကိုင်ရင်း ကျောက်ရုပ်လိုရပ်နေ၏။

ကျောက်ကျန်းကွေ့သည် သူ့ရှေ့က မြင်ကွင်းကို ကြည့်ကာ အထူးဇာတ်ညွှန်းစာအုပ်ထဲ၌ ရေးသားထားသည့် နည်းလမ်းတစ်ခုအား အမှတ်ရသွားတော့သည်။ ထိုစာပိုဒ်ကိုလည်း မျဥ်နီးတားကာ အထူးမှတ်သားထားပြီး အောင်မြင်ပါက မြူဆွယ်ခြင်းမှာ တစ်ရှိန်ထိုး တိုးတက်လာလိမ့်မည်ဟု ဘေးမှ မှတ်ချက်ရေးထားသေး၏။

ကျောက်ကျန်းကွေ့  ချက်ချင်း စိတ်လှုပ်ရှားလာတော့သည်။

ကျိဟန်ကတော့ မှုန်မှိုင်းနေသည့်မျက်နှာဖြင့် သူ့ကို စိုက်ကြည့်နေဆဲဖြစ်ပြီး စကားတစ်ခွန်းမျှပင် မပြောချင်သည့်ပုံပင်။

ကျောက်ကျန်းကွေ့က စကားပြောဖို့ အားယူလိုက်ပြီးနောက်_"ငါ အိပ်လို့မရလို့..."

ကျိဟန် :  "......."

ကျောက်ကျန်းကွေ့  : "မင်းရော အိပ်လို့မရဘူးလား?"

ကျိဟန် : "......."

ကျောက်ကျန်းကွေ့   :  "မင်းငါ့ကို အဖော်ပြုပြီး စကားပြောပေးပါလား?"

ကျိဟန် :  "မပြောပေးနိုင်ဘူး"

ကျောက်ကျန်းကွေ့  :  "......"

ဒီလူက ကတ်ကို သမာရိုးကျအတိုင်း မကစားနိုင်ဘူးလား!!!!

[ကျိဟန်က သူ့ဇာတ်ညွှန်းစာအုပ်ထဲကအတိုင်း ပြန်မပြောတာကို ပြောတာပါ]

_______________________________________

3.8.2022(Wed)🤍

~~~~~ZAWGYI VERSION~~~~~

အမွန္က ေက်ာက္က်န္းေကြ႕ တံခါးဝမေရာက္ခင္တြင္ က်ိဟန္သည္ လူတစ္ေယာက္ မီးဖိုေခ်ာင္သို႔ လာေန‌ေၾကာင္း သတိထားမိသည္။

က်ိဟန္ေတြးသည္မွာ သူသည္ ဂိုဏ္းခ်ဳပ္ျဖစ္ေသာေၾကာင့္ ဘယ္သူ႔ကိုမွ ေရွာင္ပုန္းေနစရာမလိုဟု ယူဆကာ ဆက္လက္စားေနျခင္းပင္။

သို႔ေသာ္ ေရာက္လာသူမွာ ေက်ာက္က်န္းေကြ႕ ျဖစ္ေနမည္ဟု ေမွ်ာ္လင့္မထား႐ုံသာ..။ ႏွစ္ေယာက္လုံး အနည္းငယ္ မ်က္ႏွာပူကာ ရွက္႐ြံ႕သြားၾကသည္။

က်ိဟန္မ်က္ႏွာကမူ ေအးစက္ေနဆဲျဖစ္ၿပီး လက္ထဲတြင္ ေခါက္ဆြဲမ်ားကို ညႇပ္ထားကာ ေလထဲ၌တန႔္ေနသည့္ တူတစ္စုံကို ကိုင္ရင္း ေက်ာက္႐ုပ္လိုရပ္ေန၏။

ေက်ာက္က်န္းေကြ႕သည္ သူ႔ေရွ႕က ျမင္ကြင္းကို ၾကည့္ကာ အထူးဇာတ္ၫႊန္းစာအုပ္ထဲ၌ ေရးသားထားသည့္ နည္းလမ္းတစ္ခုအား အမွတ္ရသြားေတာ့သည္။ ထိုစာပိုဒ္ကိုလည္း မ်ဥ္နီးတားကာ အထူးမွတ္သားထားၿပီး ေအာင္ျမင္ပါက ျမဴဆြယ္ျခင္းမွာ တစ္ရွိန္ထိုး တိုးတက္လာလိမ့္မည္ဟု ေဘးမွ မွတ္ခ်က္ေရးထားေသး၏။

ေက်ာက္က်န္းေကြ႕ ခ်က္ခ်င္း စိတ္လႈပ္ရွားလာေတာ့သည္။

က်ိဟန္ကေတာ့ မႈန္မႈိင္းေနသည့္မ်က္ႏွာျဖင့္ သူ႔ကို စိုက္ၾကည့္ေနဆဲျဖစ္ၿပီး စကားတစ္ခြန္းမွ်ပင္ မေျပာခ်င္သည့္ပုံပင္။

ေက်ာက္က်န္းေကြ႕က စကားေျပာဖို႔ အားယူလိုက္ၿပီးေနာက္_"ငါ အိပ္လို႔မရလို႔..."

က်ိဟန္ : "......."

ေက်ာက္က်န္းေကြ႕ : "မင္းေရာ အိပ္လို႔မရဘူးလား?"

က်ိဟန္ : "......."

ေက်ာက္က်န္းေကြ႕ : "မင္းငါ့ကို အေဖာ္ျပဳၿပီး စကားေျပာေပးပါလား?"

က်ိဟန္ : "မေျပာေပးႏိုင္ဘူး"

ေက်ာက္က်န္းေကြ႕ : "......"

ဒီလူက ကတ္ကို သမာ႐ိုးက်အတိုင္း မကစားႏိုင္ဘူးလား!!!!

[က်ိဟန္က သူ႔ဇာတ္ၫႊန္းစာအုပ္ထဲကအတိုင္း ျပန္မေျပာတာကို ေျပာတာပါ]

_______________________________________

3.8.2022(Wed)🤍


The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now