-35-

769 153 4
                                    

အစေခံအကြီးအကဲမှာ ထိုနေရာမှ ချက်ချင်း ကွယ်ပျောက်သွားချင်စိတ်များ တစ်ဖွားဖွား ပေါ်ပေါက်လာ၏။

ကျိဟန်မျက်နှာမှာ အလွန်ကြည့်ရဆိုးလာတော့သည်။

မိမိသခင်မှာ လက်ရှိတွင် ပေါက်ကွဲလုနီးပါးဖြစ်နေကြောင်း သူမခံစားလို့ရနေသည်။ အကယ်၍ သူမရှေ့မှ ကျောက်သူရဲကောင်းသာ နောက်ထပ်စကားတစ်ခွန်း မှားပြောပါက ဂိုဏ်းချုပ်က ထိုသူအား အပိုင်းပိုင်းခုတ်ကာ ခွေးစာကျွေးပစ်လိုက်နိုင်၏။

သူမစိတ်ထဲတွင် ထိုသူရဲကောင်းလေးကို အလွန်စာနာသနားလာရသည်။

ကျိဟန်က ‌သွားကိုကြိတ်ရင်း မေးလာသည်။ "မင်းခြေထောက်တွေ အားနည်းနေတာ ငါနဲ့ဘာဆိုင်လို့ မင်းက ငါ့အခန်းထဲ ဆက်နေမှာလဲ???"

ကျောက်ကျန်းကွေ့က အလွန်စိတ်ရှုပ်နေပုံဖြင့်_"မင်းကြောင့် မဟုတ်ဘူးဆိုရင် ငါ့ခြေထောက်တွေက အားနည်းနေစရာအကြောင်းမှ မရှိတာ.."

ကျောက်ကျန်းကွေ့သည်လည်း ဓားရေးပညာအား အရူးအမူးစွဲလမ်းသူဖြစ်ပြီး အလှလေးများနှင့်လည်း မထိတွေ့ဖူးပေ။ သားသမီးရော၊ ဇနီးပါ မရှိသည့် လူရိုးလူအသာဖြစ်သော်လည်း ဒီနှစ်တွင် သူ့အသက်မှာ နှစ်ဆယ့်ရှစ်ပင်ရှိနေပြီ။ ထို့ကြောင့် မိမိပြောလိုက်သော စကား၏ အဓိပ္ပာယ်အား အရှင်းအလင်း နားလည်ပါ၏။

ထိုစကားများကိုပြောပြီးနောက် ကျောက်ကျန်းကွေ့ တစ်ဖြည်းဖြည်း ရှက်ရွံ့လာသည်။ ဒီနေ့ပြောခဲ့သော အကြောင်းအရာများသာ အပြင်ဘက်သို့ ပျံ့နှံ့သွားပါက သူအရှက်လွန်ပြီး ကြိုးဆွဲချပင် သေမိလိမ့်မည်။

ကျိဟန်က သူ့စကားကို ကြားပြီးပြီးချင်း ခဏမျှ ကြက်သေသေသွား၏။ ထို့နောက် သူ့အား အော်ဟစ်တော့သည်။ "မင်း ဘာသောက် အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ??"

ကျောက်ကျန်းကွေ့   :  "ဘယ်မှာ အဓိပ္ပာယ်မရှိလို့လဲ?"

ကျိဟန်က သူ့အား ဆက်လက်ကြိမ်းမောင်းလိုသော်လည်း မနက်က နှစ်ယောက်လုံး အဝတ်အစားမပါပဲ ကုတင်တစ်ခုတည်း အိပ်နေကြသည့်မြင်ကွင်းအား ပြန်သတိရသွားသည်။ ပြောဖို့လုပ်ထားသည့် စကားများမှာ လည်ပင်းဝ၌ တစ်သွားပြီး မျက်နှာကလည်း နီမြန်းလာတော့သည်။ သူက ဘာမှထပ်မပြောလိုဟန်ဖြင့် အခြားဘက်သို့ ခေါင်းလှည့်လိုက်၏။

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now