-43-

739 141 3
                                    

နောက်ဆုံးတွင် ဝမ်အကြီးအကဲက မိစ္ဆာဂိုဏ်းသားတစ်ချို့နှင့် ရောက်လာပြီဖြစ်သည်။

ရွှီကျင်ယင်းမှာ ဒဏ်ရာအပြင်းအထန်ရနေပြီး ရှီကိုင်းကတော့ သေလုနီးပါး...။

မိစ္ဆာဂိုဏ်းရှိ လူများက သူတို့နှစ်ယောက်အား ဖမ်းဆီးလိုက်သည်။ ဝမ်အကြီးအကဲကမူ ကျောက်ကျန်းကွေ့အနီးသို့ လျှောက်လာပြီး စိုးရိမ်တကြီးမေး၏။

"ကျောက်သူရဲကောင်း.. မင်းအဆင်ပြေရဲ့လား??"

ကျောက်ကျန်းကွေ့က ပုခုံးထက်တွင် ရွှီကျင်းယင်း၏ဓားကြောင့် ဒဏ်ရာရသွားခြင်းဖြစ်သည်။ ဒဏ်ရာက သိပ်မနက်သော်လည်း သူဝတ်ဆင်ထားသည်မှာ အဖြူရောင်ဝတ်ရုံများပင်။ ဝတ်ရုံအဖြူ၌ စွန်းနေသည့်သွေးများက အလွန်ထင်သာမြင်သာရှိပြီး မြင်ရသူကို ထိတ်လန့်သွားစေနိုင်၏။

ဝမ်အကြီးအကဲ  :  "ငါတို့ ဒီလူနှစ်ယောက်ကို ဂိုဏ်းရဲ့ စည်းကမ်းအတိုင်း စစ်ဆေးဖို့ ခေါ်သွားမလို့.. ကျောက်သူရဲကောင်း ကန့်ကွက်စရာမရှိဘူးမလား??"

ကျောက်ကျန်းကွေ့က သူ့ကိုကြည့်ရင်း စိတ်ရှုပ်သည့်အမူအရာဖြစ်လာသည်။

သို့သော်လည်း သူက ခေါင်းငြိမ့်လိုက်၏။ ဝမ်အကြီးအကဲက သတိမေ့နေပြီဖြစ်သည့် ကျိဟန်အား ကြည့်လိုက်ပြီး ပြောလာသည်။ "ကျောက်သူရဲကောင်း.. မစိုးရိမ်ပါနဲ့... ငါအခုပဲ သမားတော်ယန်ကို ခေါ်ဖို့ လူလွှတ်လိုက်မယ်"

ကျောက်ကျန်းကွေ့သည် ပထမက ရှောင်လင်း ဘယ်နေရာမှာရှိလဲဆိုတာ မေးလိုက်ဖို့ တွေးမိ၏။ သူ့ဓားကို သွားယူသည်က ဒီလောက်ကြာမနေသင့်။ ဟန်ယအဖွဲ့အစည်းက လူများနှင့် တွေ့ကာ တစ်ခုခုဖြစ်သွားမည်ကို သူစိုးရိမ်သည်။ သို့သော် ဤဝမ်အကြီးအကဲက.. သူ့စိတ်ထဲတွင် တစ်နည်းတစ်ဖုံ ထူးဆန်းနေ၏။

ထို့ကြောင့် သူဘာတစ်ခွန်းမှ မပြောဖြစ်တော့..။

မိစ္ဆာဂိုဏ်းသားများမှာ ရှီကိုင်းတို့နှစ်ယောက်အား အတွင်အားပိတ်ပြီး ချုပ်ထားကြသည်။ ခွိုင်ဇစ်စွန်း၏ ရုပ်အလောင်းကိုလည်း ဖယ်ရှားရှင်းလင်းကာ အပြင်ဘက်ရှိ ဒဏ်ရာရသွားသော အစောင့်များကိုလည်း ကုသပေးရင်း အလုပ်များနေသည်။

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now