ကျောက်ကျန်းကွေ့က ကျိဟန်၏ဓားရေးကို သေချာသိသည်။
သူက ဓားရေးနှစ်ကွက်ကျော်မျှသာ မြင်ဖူးလိုက်ခြင်းဖြစ်သော်လည်း ကျိဟန်၏ တိုက်ခိုက်မှုပုံစံနှင့် အားနည်းချက်ကို တစ်ချက်ကြည့်ရုံမျှဖြင့် သိသည်။
သိုင်းလောကထဲရှိလူများ ပြောစကားများအရလည်း ကျိဟန်ဓားရေးကို အရင်ကတည်းက သတိထားမိပြီးသားပင်။
ကျိဟန်နှင့် ထိုသုံးယောက်သာ တစ်ယောက်ချင်း ယှဥ်ပြိုင်ပါက ကျိဟန် အစွမ်းကုန်ထုတ်တိုက်လျှင် နိုင်ဖို့ အခွင့်အလမ်းရှိသေးသည်။ သုံးယောက်လုံး တစ်ပြိုင်တည်းတိုက်ခိုက်ချင်းကမူ အလွန်ဝန်ပိစေလိမ့်မည်။ ကျိဟန်က တိုက်နေရင်း တစ်ကွက်မှားတာနှင့် သူတို့လှည့်ကွက်ထဲကျကာ ဒဏ်ရာကြီးကြီးမားမားရပြီး ရှုံးနိမ့်သွားမည်ဖြစ်သည်။
သူတို့က ကျိဟန် အသက်ကို ယူဖို့လာခြင်းဖြစ်၏။ ရှုံးတာနှင့် ကျိဟန်အတွက် လွတ်လမ်းရှိမည်မဟုတ်။
ရှီကိုင်းက သနားညှာတာဟန်ဖြင့် စကားထပ်ပြောလာသည်။ "ကျိဂိုဏ်းချုပ်.. မင်း မရုန်းကန်ဘူးဆိုရင်.. ပိုပြီး သက်သက်သာသာလေး သေလို့ရပါသေးတယ်"
ကျိဟန်က သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး စကားတစ်ခွန်းမှမပြောပေ။
ရှီကိုင်းက သက်ပြင်းချလိုက်ပြီး _" နှမြောစရာပဲဗျာ.."
ရွှီကျင်ယင်းက ရွံရှာဟန်ဖြင့် အော်ဟစ်ပြန်သည်။ "နင့်မိန်းမသေသွားလို့လား! ဘာလို့ လူမသတ်ခင်မှာ အာ့လိုရွံစရာစကားတွေ ပြောနေရတာလဲ??"
ရှီကိုင်းမှာ မလွှဲသာပဲ ပါးစပ်ကိုပိတ်ထားရတော့သည်။
ကျောက်ကျန်းကွေ့ကမူ အလွန်စိတ်ပူနေပြီဖြစ်၏။ လူငယ်အများစုမှာ မိမိတို့အင်အားကို ရှိရင်းထက်ပိုပြီး အထင်ကြီးတတ်ကြသည်။ ကျိဟန်လည်း ထိုသို့ဖြစ်မည်ကို သူစိုးရိမ်လှသည်။
အကယ်၍ ကျိဟန်သာ ကိုယ့်ကိုယ်ကို အထင်မကြီးပါက ဒီတိုက်ပွဲက သူရှုံးနိုင်ချေများမှန်း ကြိုခန့်မှန်းမိသင့်သည်။ သို့သော် သူက ဘာမှမလုပ်ပဲ ထိုသုံးယောက်နှင့်သာ ထိပ်တိုက်ရင်ဆိုင်နေ၏။
YOU ARE READING
The Wrong Way To a Demon Sect Leader//Myanmar Translation
RomanceAuthor: 一只大雁 (Yi Zhi Dayan) Status: 82 Chapters + 47 Extras မိစ္ဆာဂိုဏ်း၏ အင်အားမှာ တစ်နေ့တစ်ခြားများပြားလာပြီး အင်အားသက်ရောက်မှုသည်လည်း ပိုမိုကျယ်ပြန့်လာသည်။ ထို့ကြောင့် ကျင့်ကြံရေးလောကမှ အကြီးအကဲများသည် သိုင်းလောက၏ နံပါတ်တစ်_ဓါးသမား ကျောက်ကျန်းကွေ...