-42-

710 127 2
                                    

သူတို့နှစ်ယောက်သားက ငြင်းခုံနေကြရင်း ကျောက်ကျန်းကွေ့ထံမှလည်း အကြည့်တစ်ချက်မှ မခွာရဲ။

ခွိုင်ဇစ်စွန်းက သေဆုံးသွားပြီဖြစ်သော်လည်း နှစ်ဦးသားမှာ ဝမ်းနည်းပုံမပေါ်ပေ။

ထိုသို့သော လူသတ်သမားများတွင် ကြင်နာမှု၊ သံယောဇဥ် စသည်များ လုံးဝမရှိဟန်တူသည်။ သူတို့က ကျောက်ကျန်းကွေ့ကိုသာ မျက်တောင်မခတ်တမ်း ကြည့်နေပြီး နောက်ထပ်လှုပ်ရှားမည်ကို သတိချပ်နေကြသည်။

ကျောက်ကျန်းကွေ့ကမူ ခေါင်းပေါက်ထွက်မတတ် စိတ်ရှုပ်ထွေးနေပြီဖြစ်၏။

သူနှင့်ရှောင်လင်းက ဟော့ရန်မဟာမိတ်အစုအတွက် ကျိဟန်အား လှည့်စားနေခြင်းသာ..။ သို့သော် ကျိဟန်က တကယ်ယုံကြည်နေသည်။ ထို့အပြင် "ခန္ဓာကိုယ်က အဆင်မပြေဘူး" ဆိုသည့် စကားတစ်ခွန်းအတွက် သူ့အသက်ကိုပါ စတေးခံပြီး ကာကွယ်ပေးလိမ့်မည်ဟု လုံးဝထင်မထားခဲ့....။

ကျိဟန်ကဲ့သို့ တာဝန်ယူစိတ်အပြည့်ရှိသည့် မိစ္ဆာဂိုဏ်းချုပ်မျိုးကို ပထမဆုံးမြင်ဖူးခြင်း ဖြစ်သည်။။

သူက အစေခံအကြီးအကဲ၏ ဓားအား အောက်သို့ ချလိုက်သည်။ သူဓားပျော့ကို မသုံးတတ်မှတော့ ဟိတ်ဟန်ထုတ်ပြီး ဆက်ကိုင်ထားလည်း အသုံးမဝင်ပေ။

ကျိဟန်၏ဓားမှာ ခွိုင်ဇစ်စွန်း ဗိုက်ထဲ၌ စိုက်ဝင်နေဆဲဖြစ်သည်။ ကျိဟန်မှာ ထိုဓားကို ပြန်ဆွဲထုတ်ဖို့ပင် အားအင်မရှိတော့....။

ကျောက်ကျန်းကွေ့ နှလုံးသားထဲတွင် တစ်စုံတစ်ရာအား လှုပ်နှိုးခံလိုက်ရသကဲ့သို့ ခံစားချက်များ ဖြစ်ပေါ်လာ၏။ သူက ထိုခံစားချက်ကို အတိအကျ နားမလည်နိုင်သဖြင့် စိတ်ပိုရှုပ်လာသည်။

ကျိဟန်၏ ဓားကို လက်ထဲတွင် ကိုင်လိုက်ပြီးနောက်မှ သူ့စိတ်များက တစ်ဖြည်းဖြည်း ပြန်တည်ငြိမ်သွားသည်။

ကျိဟန်၏ဓားမှာ သူ့ဓားထက် ပိုရှည်ကာ အနည်းငယ် ပိုသေးသည်။ အလေးချိန်က အနည်းငယ်လည်း ပိုပြီးပေါ့သည်။ သို့သော် လက်ထဲတွင် သက်တောင့်သက်တာဖြစ်လှ၏။

ဒါက ဓားကောင်းတစ်လက်ဆိုတာ အသေချာပဲ...!

သူ့နှလုံးခုန်နှုန်းက သာမန်အခြေအနေသို့ ရောက်ရှိသွားပြီဖြစ်သည်။ စိတ်လှုပ်ရှားမှု၊ စိတ်ရှုပ်မှုများ တစ်စက်မှမရှိတော့..။

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now