-25-

852 153 2
                                    

ထိုစာအုပ်ထဲတွင် ရေးထားသည်သာမက အကြီးအကဲများကပါ သူ့အား သေချာမှာလိုက်သေးသည်။ ညလယ်တွင် အိပ်မပျော်ဖြစ်နေသည့် မိစ္ဆာဂိုဏ်းချုပ်နှင့် ဆုံမိပါက စကားစမြည်ပြောဖို့ စကားခေါ်ရမည်။ ထို့နောက် အချစ်ဇာတ်လမ်းများထဲမှ နူးညံ့ညင်သာသည့် စကားလေးများ၊ အချစ်ကဗျာများထဲမှ တီတီတာတာစကားလေးများအား ပြောရမည်။

ထိုအခါ တစ်ဖက်သားက နှလုံးသားလေးအား အနည်းငယ်ဖွင့်ဟလာပါက တစ်ဆင့်အောင်မြင်ပြီဖြစ်သည်။ သည့်နောက်တွင်မှ နှလုံးသားထဲရှိ အားနည်းချက်လေးကို ဖမ်းဆုပ်ရှာဖွေရင်း မြူဆွယ်ခြင်းကို အောင်မြင်အောင်လုပ်ရမည်ဟု...။

ကျောက်ကျန်းကွေ့မှာ ပလီပလာပြောတတ်သည့်သူမဟုတ်..။ သူက အချစ်ကဗျာတစ်ပုဒ်ကိုမှ မဖတ်ဖူးသလို အချစ်ဇာတ်လမ်းများအကြောင်းလည်း တစ်လုံးတစ်ပါဒမှ မသိ။ သူသိသည်မှာ သူ့ခါး၌ချိတ်ထားသည့် သုံးပေရှည်သည့် သူ့ဓားအကြောင်းသာ..။ အချစ်အကြောင်းပြောဖို့ထက် ဓားအကြောင်းပြောရမည်ဆိုလျှင် ဖြစ်နိုင်သေးသည်။

သို့သော်သူက စကားစမြည်တော့ ကောင်းကောင်းပြောတတ်ပါသည်။ ဆိုးရိုးစကားရှိသည့်အတိုင်း.. ဘယ်နေရာမှသွားသွား ပန်းတိုင်ရောက်ဖို့က အဓိကပင်။ ကျောက်ကျန်းကွေ့က ထိုသို့ပင် တွေးထားလိုက်သည်။

သူက ကျိဟန်အနီးသို့ အနည်းငယ်လျှောက်သွားလိုက်ပြီး_"မင်း ဓားသိုင်းကို စလေ့ကျင့်တုန်းက အသက်ဘယ်လောက်လဲ?"

ကျိဟန်က မျက်မှောင်အနည်းငယ်ကျုံ့သွား၏။ သို့သော် ကျောက်ကျန်းကွေ့အား ပြန်မဖြေပေ။

ကျောက်ကျန်းကွေ့မှာ အတင်းရှေ့ဆက်စကားပြောရန်မှလွဲ အခြားအကြံမရှိပေ။ "ငါက လမ်းလျှောက်တတ်ခါစအရွယ်ကတည်းက ဓားစကိုင်ခဲ့တာ အခုဆို 26နှစ်တောင်ရှိပြီ..."

ကျိဟန်က ဘာမှပြန်မပြောသေး...။

ကျောက်ကျန်းကွေ့  :  "မင်းက ငါ့ထက်ငယ်သေးပေမယ့်လည်း.. ဓားပညာမှာတော့ ငါ့ထက် ပိုမနိမ့်ဘူး.. မင်းရဲ့ ဓားရေးပညာက လျင်မြန်တယ်.. သတ်ဖြတ်နိုင်စွမ်းရှိတယ်.. တိုက်ခိုက်အားပြင်းတယ်.. သိုင်းလောကရဲ့ ထိပ်တန်းထဲမှာ ထည့်လို့ရတယ်"

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now