ကျိဟန်က အခန်းထဲမှ ပြန်ထွက်သွားပြီး အစေခံများက တံခါးအပြင်ဘက်၌ လိုတာလုပ်ပေးရန် စောင့်နေသည်။ အခန်းထဲတွင် ကျောက်ကျန်းကွေ့ တစ်ယောက်သာ ကျန်ခဲ့၏။
သူက ပန်းကန်လုံးနှင့် တူကို ချလိုက်ကာ မိမိအခန်းထဲ ပြန်သွားပြီး အနားယူသင့်လား၊ ကျိဟန်အခန်းထဲ၌ပဲ ဆက်စောင့်နေသင့်သလား ဝေခွဲမရဖြစ်နေသည်။
သူက ကျိဟန်အခန်းအား အကြိမ်အနည်းငယ်မျှ လျှောက်ပတ်ကြည့်ပြီးပြီဖြစ်သည်။ ကျိဟန် အိပ်ရာဘေး၌ ချိတ်ထားသည်ဆိုသော သူ့ပုံတူမှာ ဖြုတ်ပစ်လိုက်ပုံပင်။ ဘယ်နေရာမှာမှ တစ်စွန်းတစ်စတောင် မတွေ့ရ။
ခဏကြာပြီးနောက် ရှောင်လင်းက ထပ်ပြီး ခိုးဝင်လာပြန်သည်။
"ကျောက်သူရဲကောင်း.." ရှောင်လင်းက ခပ်တိုးတိုး ပြောသည်။ "ဂိုဏ်းချုပ်က အလုပ်ကိစ္စလေးတွေ ရှိလို့.. စောစောပြန်ရောက်လာမယ် မထင်ဘူး"
ကျောက်ကျန်းကွေ့က ခေါင်းငြိမ့်လိုက်၏။
ရှောင်လင်း : "ကျွန်တော်က.. ကျောက်သူရဲကောင်းကို ကြာကြာမစောင့်တော့ပဲ ပြန်သွားမှာစိုးလို့ လာပြောတာ.."
ကျောက်ကျန်းကွေ့ : "......."
"ငါ့အခန်းဆီ ပြန်လို့မရဘူးလား??"
ရှောင်လင်း : "သေချာပေါက် မရဘူးလေ"
ကျောက်ကျန်းကွေ့ : "......."
ရှောင်လင်း : "အခု အခြေအနေက အရမ်းကောင်းနေတာလေ! ကျွန်တော်တို့ အရှိန်ကုန် ကြိုးစားပြီးတော့ ဂိုဏ်းချုပ် နှလုံးသားကို အရယူဖို့လုပ်ရမှာ! လုံးဝ နှောင့်နှေးလို့ မဖြစ်ဘူး!!"
ကျောက်ကျန်းကွေ့ : "......."
ရှောင်လင်းမှာ အားတက်သရောပြောပြီးနောက် တံတွေးကိုမြိုချလိုက်သည်။ သူက တစ်ခဏမျှစဥ်းစားပြီး ဆက်ပြော၏။ "ကျောက်သူရဲကောင်း.. တကယ်တော့ ကျွန်တော် အစ်ကိုနဲ့ ဆွေးနွေးစရာတစ်ခုရှိသေးတယ်.."
ကျောက်ကျန်းကွေ့ : "ဘာကိစ္စလဲ?"
ရှောင်လင်း : "အခုပဲ ဟော့ရန်ဂိုဏ်းဆီကနေ သတင်းရတယ်..ကျွန်တော်တို့ဘက်က ဟန်ယအဖွဲ့အစည်းရဲ့ လျှို့ဝှက်စာကို ကြားက ဖြတ်ယူထားတာ... စာထဲမှာပါတာက သူတို့ ပိုက်ဆံတွေအများကြီး လက်ခံထားတယ်တဲ့... ဒီည မိစ္ဆာဂိုဏ်းဆီလာပြီး ဂိုဏ်းချုပ်ကို လုပ်ကြံကြမှာ..."
YOU ARE READING
The Wrong Way To a Demon Sect Leader//Myanmar Translation
RomanceAuthor: 一只大雁 (Yi Zhi Dayan) Status: 82 Chapters + 47 Extras မိစ္ဆာဂိုဏ်း၏ အင်အားမှာ တစ်နေ့တစ်ခြားများပြားလာပြီး အင်အားသက်ရောက်မှုသည်လည်း ပိုမိုကျယ်ပြန့်လာသည်။ ထို့ကြောင့် ကျင့်ကြံရေးလောကမှ အကြီးအကဲများသည် သိုင်းလောက၏ နံပါတ်တစ်_ဓါးသမား ကျောက်ကျန်းကွေ...