- 12 -

960 195 3
                                    

 ထိုလူမှာ မျက်မှောင်ကျုံ့လိုက်ပြီး ပြောသည်။ "မင်းအတွင်းအားက ကောင်းတယ်ဆိုပေမယ့် ...မင်းမှာ လက်နှစ်ဖက်နဲ့ ဓားတစ်ချောင်းပဲရှိတာ..."

ကျိဟန် : " မင်း ကြိုးစားကြည့်လေ."

အခြားလူများသည်လည်း ဓားများကို ထုတ်လိုက်ပြီး ကျိဟန်နှင့် ကျောက်ကျန်းကွေ့ အား ဝန်းရံလိုက်သည်။

ကျင်းပေကောင်းမှာ ဇွတ်အတင်းဖြောင်းဖြနေဆဲ.."ဒီမှာ နားလည်မှုလွဲနေတာ တစ်ခုခုသေချာပေါက်ရှိပါတယ်ဆို..."

ကျိဟန် : "မင်းတို့ကို အကြံပေးချင်တာက..ငါ့ဓားကို ထုတ်ဖို့အတွက် တွန်းအားမပေးဖို့ပဲ.."

သူက ထိုင်ခုံပေါ်ထိုင်နေဆဲပင်။ သို့သော် သူ့ညာဘက်လက်မှာမူ ခါးရှိ ဓားပေါ်သို့ အသာလေးထိထား၏။

လူအုပ်ထဲမှ လူတစ်ယောက်က ရုတ်တရက်မေးလာသည်။ "နေပါဦး...မင်းက ဘယ်သူလဲ?"

ကျိဟန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မောက်မာသောအသံဖြင့်_"ကျိဟန်"

ပတ်ဝန်းကျင်တစ်ခုလုံးမှာ ချက်ချင်းငြိမ်ကျသွား၏။

သူတို့ကြောက်ကြသည်မှာ မကြာခင်ကမှ ရာထူးတက်လာသော ဂိုဏ်းချုပ်လေး၏ နာမည်ကို မဟုတ်ပေ။ သူ့လက်ထဲမှ ဓားကိုပင်။

ဓားမှာ သုံးပေကျော်ကျော်ရှည်ပြီး ဓားအိမ်သည် အပြာ‌ရောင်နှင့်ခဲရောင် ယှက်ဖြာနေ၏။ ပုံစံမှာမူ သာမန်ဆန်လှသည်။ ငွေစအနည်းငယ်ဖြင့် ဝယ်ယူထားသော အပေါစားဓားတစ်လက်ဟုပြောလျှင် လူတိုင်းယုံလောက်သည်။

သို့သော် ကျိဟန်ဟူသော နာမည်နှင့်တွဲလိုက်ပါက ထိုသာမန်ဆန်သည့်ဓားမှာ လောကတွင် ကြောက်စရာအကောင်းဆုံး လက်နက် ဖြစ်လာတော့၏။

ကျိဟန်ဂိုဏ်းချုပ်မဖြစ်ခင်ကပင် မိစ္ဆာဂိုဏ်းတွင် အရက်စက်ဆုံးလက်နှင့် အထက်ဆုံးဓားဟု နာမည်ကျော်ပြီးသားပင်။ သူဓားကို ဆွဲထုတ်လိုက်သည့်အချိန်တိုင်း သွေးချောင်းစီးသည်။

ကျောက်ကျန်းကွေ့က ဓားကိုဆွဲထုတ်သည်မှာ သူ့နှလုံးသားထဲမှ ထက်မြက်မှု၊ ဝင့်ကြွားမှုများကြောင့်ဖြစ်လိမ့်မည်။ ကျိဟန်ဓားကို ဆွဲထုတ်သည်မှာမူ လူသတ်ရန်အတွက်သာဖြစ်သည်။

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now